ခြေထောက်ရောင်တာ ဖြစ်တဲ့သူ မနည်းလှပါ။ အများအားဖြင့် စိုးရိမ်စရာ မရှိပါ။ ကိုယ်ဝန်ရှိချိန်၊ ထိခိုက်တာတွေကတော့ အကြောင်းရင်းမှန် သိတယ်။ နှလုံး၊ ကျောက်ကပ်နဲ့ အသည်းရောဂါတွေ စစ်ဆေးသင့်တယ်။

၁။ Lymphedema ခေါ် သွေးပြန်ရည်လမ်းပိတ်ခြင်း။ အဲတာဘယ်တုန်းက ဘာ့ကြောင့်ဖြစ် မသိတာများတယ်။ စိုးရိမ်စရာ မရှိပါ။ မတော်တဆထိခိုက်မိတာကနေ ဆက်ဖြစ်တာဖြစ်နိုင်တယ်။

၂။ Venous insufficiency ဆိုတာက သွေးပြန်ကြော မဝခြင်း။ နာတာရှည်ဖြစ်တယ်။

၃။ Infection ဆိုတာ ပိုးဝင်ခြင်း။ အထူးသဖြင့် ဆီးချိုကနေဆက်ဖြစ်တယ်။

၄။ Blood clot သွေးခဲပိတ်နေတာကနေလည်း ဖြစ်နိုင်တယ်။ လိုအပ်သူကို သွေးကျဲဆေးပေးရတယ်။

၅။ Medication side effect ဆေးတွေရဲ့ ဘေးထွက်သက်ရောက်မှုတွေကနေလည်း ဖြစ်စေတယ်။

• Estrogen အီစထိုဂျင်ဟော်မုန်းပါဆေးတွေ ဥပမာ ကိုယ်ဝန်တားဆေး။ သွေးဆုံးဆေး။

• Testosterone တက်စတိုစတီရုန်း ခေါ် ကျားဟော်မုန်းဆေး။

• Calcium channel blockers ခေါ် သွေးတိုးကျဆေးတွေ။ nifedipine (Adalat, Afeditab, Nifediac, Nifedical, Procardia), amlodipine (Norvasc), diltiazem (Cardizem, Cartia, Dilacor, Diltia, Tiazac), felodipine (Plendil) နဲ့ verapamil (Calan, Covera-HS, Isoptin, Isoptin SR, Verelan) ဆေးတွေဖြစ်တယ်။

• Steroids စတီရွိုက် ခေါ် ဆေးတွေ။

• Antidepressants ခေါ် စိတ်မကျဆေးတွေ။ nortriptyline (Pamelor, Aventyl), desipramine (Norpramin), and amitriptyline (Elavil, Endep, Vanatrip); phenelzine (Nardil) နဲ့ tranylcypromine (Parnate) ဆေးတွေ။

• NSAIDs ခေါ် အနာအကိုက်သက်သာဆေးတွေ။

• Diabetes medications ဆီးချိုကျဆေးတွေ။

မေးတဲ့သူ ဆရာဝန်တွေလည်းပြထားလို့ တခြားရောဂါကြီးတွေ မရှိလောက်။ ဆရာဝန်ညွှန်တာ လိုက်နာသင့်။ အနေအထိုင် ဂရုစိုက်ရမယ်။ အငန်လျှော့စားသင့်တယ်။ သွေးတိုးနဲ့ ဆီးချို စစ်နေသင့်တယ်။ စိုးရိမ်စရာ မရှိလောက်လို့ ယူဆပါတယ်။