ကန်ဇွန်းဥကို မီးဖုတ် (သို့) မီးကင်ပြီးစားစား၊ ပြုတ်ပြီးစားစား အရသာရှိလှပါတယ်။ အရောင်အမျိုးမျိုးရှိတဲ့ ကန်ဇွန်းဥကိုလည်း ဈေးကွက်မှာ ဝယ်ယူစားသုံးနိုင်ပါတယ်။

ကန်ဇွန်းဥကို စားသုံးရင် ကျန်းမာရေးအကျိုးကျေးဇူးတွေ ဘယ်လိုရနိုင်မလဲ။

၁။ ဆီးချို

diabetes-blood-test

ဆီးချိုဝေဒနာရှင်တွေအတွက် ကန်ဇွန်းဥကို ရွေးချယ်စားသုံးသင့်ပါတယ်။ ကန်ဇွန်းဥမှာ သဘာဝသကြားဓါတ်ပါဝင်ပြီး ဆီးချိုဖြစ်စေဖို့ အထောက်အပံ့ဖြစ်စေတဲ့ အင်ဆူလင်ဓါတ်ကို ထိန်းချုပ်ပေးပါတယ်။ ဒါ့အပြင် သွေးတွင်းသကြားဓါတ်ကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။

၂။ အစာချေစနစ်

ကန်ဇွန်းဥမှာ အမျှင်ဓါတ်တွေပါဝင်ပြီး အစာချေစနစ်ကိုကောင်းမွန်စေပါတယ်။ ဒါ့အပြင် အူမကြီးကင်ဆာဖြစ်ပွားမှုကို ထိန်းချုပ်ပေးနိုင်ပြီး ဝမ်းချုပ်တာကိုလည်း ပျောက်ကင်းစေပါတယ်။

၃။ အသက်ရှုလမ်းကြောင်းဆိုင်ရာပြဿနာများ


ဆေးလိပ်သောက်သုံးတဲ့ သူတွေအထူးသဖြင့် ကန်ဇွန်းဥကို များများစားသုံးပေးသင့်ပါတယ်။ ကန်ဇွန်းဥမှာ ဗီတာမင် A ထုတ်လုပ်မှုကိုကူညီပေးနိုင်တဲ့ ဓါတ်တစ်မျိုးပါဝင်ပါတယ်။

၄။ နှလုံးနဲ့ တခြားကျန်းမာရေး

ကန်ဇွန်းဥမှာ ဗီတာမင် D ကြွယ်ဝစွာပါဝင်လို့ နှလုံး၊ သွား၊ အရေပြား၊ အရိုး စတာတွေအတွက် ကောင်းမွန်စေပြီး သိုင်းရွိုက်ဂလင်းရဲ့ လုပ်ဆောင်မှုကိုလည်း ပုံမှန်အတိုင်းဖြစ်စေပါတယ်။

၅။ နှလုံးရောဂါ

dreamstime_m_195136681

ကန်ဇွန်းဥမှာ ဗီတာမင် B6 ပါဝင်လို့ နှလုံးရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် လေဖြတ်တာနဲ့ တခြားရောဂါတွေအတွက်လည်းကောင်းမွန်ပါတယ်။

။ ကိုယ်ဝန်ဆောင်မိခင်တွေ

ကန်ဇွန်းဥမှာ ဖောလစ် (Folid) အက်ဆစ်ဓါတ်ပါဝင်တာကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေ အထူးစားသုံးပေးသင့်ပါတယ်။

၇။ ဆံပင်ကျွတ်ခြင်း

japanese-sweet-potatoes

ဆံပင်ကျွတ်တာ ဆံသားပျက်ဆီးတာမျိုးဖြစ်နေလား။ ကန်ဇွန်းဥမှာ ဗီတာကယ်လိုတင်းဓါတ်ပါဝင်လို့ ဆံပင်ကျွတ်တာ ဆံသားပျက်ဆီးတာမျိုးကို ရပ်တန့်စေပြီး ဆံပင်သန်စေပါတယ်။