ကြက်သွန်နီက ဟင်းလျာတွေကို အနံ့အရသာ ကောင်းစေရုံသာမက ခန္ဓာကိုယ်ထဲကအဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။

ကြက်သွန်နီမှာ ဆာလဖာ ဓာတ်ပေါင်း ၁၀၀ ကျော်ပါဝင်ပြီး အဲ့ဒီ ဓာတ်တွေကြောင့် ကြက်သွန်နီလှီးတဲ့အခါမှာ မျက်စိမွှန်ပြီး မျက်ရည်ကျတာပါ။ အဲ့ဒီ ဆာလဖာဓာတ်က ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေဖယ်ရှားပေးနိုင်ပါတယ်။

ပန်းနာရင်ကြပ်

ကြက်သွန်နီမှာ Antioxidant တစ်မျိုးဖြစ်တဲ့ Quercetin ဓာတ်ပါဝင်ပြီး ရောင်ရမ်းတာတွေကို လျော့ကျစေပါတယ်။ အဲ့ဒီ Quercetin ဓာတ်က ဆဲလ်တွေကို အလက်ဂျစ်ဖြစ်စေတဲ့ ဓာတ်တွေ လျော့ကျပြီး ထုတ်လုပ်ဖို့ လုပ်ဆောင်ပေးတာကြောင့် ပန်းနာရင်ကြပ်ရောဂါကို သက်သာစေပါတယ်။

ကင်ဆာ

ကြက်သွန်နီနဲ့ နနွင်းနဲ့ တွဲပြီးအသုံးပြုလို့ရှိရင် ကင်ဆာ ရောဂါဖြစ်ပွားနိုင်ချေကို လျော့ကျစေပါတယ်။

ကင်ဆာနဲ့ နနွင်းကို တွဲလျက်စားသုံးရင် အူအတွင်းမှာရှိတဲ့ ကင်ဆာဖြစ်လာနိုင်တဲ့ ဆဲလ်တွေကို လျော့နည်းပျောက်ကွယ်သွားကြောင်းကို ၂၀၀၆ ခုနှစ်က အဆုံးသတ်ခဲ့တဲ့ သုတေသန ရလဒ်အရသိရပါတယ်။

အဲ့ဒီအပြင် ကြက်သွန်နီချည်းဘဲဆိုရင်လည်း ကင်ဆာဆဲလ်တွေကို ဖြစ်ပွားနိုင်ချေရှိတဲ့ Carcinogens ဆိုတဲ့ ဓာတ်ကိုလျော့ချပေးပါတယ်။

ဆီးချို

ကြက်သွန်နီကိုများများစားရင် ကလူကို့စ်အဆင့်ကို လျော့ကျစေပါတယ်။ ကြက်သွန်နီထဲမှာပါဝင်တဲ့ Allyl Propyl Disulphide က ခန္ဓာကိုယ်ထဲက အင်ဆူလင်ဓာတ်ကို တိုးစေပြီး သွေးအတွင်းသကြားဓာတ်ကို လျော့ချပေးကာ ဆီးချိုရောဂါကို သက်သာစေပါတယ်။

နှလုံးရောဂါ

ကြက်သွန်နီက သွေးဖိအားကို ထိန်းညှိပေးပြီး မာတောင့်နေတဲ့ သွေးလွှတ်ကြောတွေကို ကျုံ့လွယ် ဆန့်လွယ်ဖြစ်အောင် ပြောင်းလဲပေးနိုင်ပါတယ်။