အမေရိကန်ပြည်ထောင်စုမှာဆိုရင် အရွယ်ရောက်ပြီးသား လူဦးရေရဲ့ ၃ ပုံ ၁ပုံက အ၀လွန်နေကြပါတယ်။ ကမ္ဘာနဲ့ ယှဉ်ရင်တော့ အ၀လွန်တဲ့ လူဦးရေက အရမ်းမများပေမယ့် ဂျပန်တို့ အိန္ဒိယနိုင်ငံတို့နဲ့ ယှဉ်ရင် များနေပါတယ်။

ဒါကြောင့် အစားအစာတွေ ချက်ပြုတ်စားသောက်ရာမှာလည်း ကျန်းမာရေးနဲ့ ညီညွတ်ဖို့ လိုအပ်ပါတယ်။

ကမ္ဘာအနှံ့က ကျန်းမာနေတဲ့ နေထိုင်စားသောာက် ချက်ပြုတ်ပုံစံများကို ဝေမျှပေးချင်ပါတယ်။

ဂျပန်

pexels-photo-248444

ဂျပန်နိုင်ငံက အစားအစာလေးတွေရဲ့ ပြင်ဆင်ပုံက နည်းနည်းလေးနဲ့ ရောင်စုံစားချင်စဖွယ် ပြင်ဆင်ထားပါတယ်။

ဟင်းတစ်ပွဲကို ဟင်းနည်းနည်းလေးတွေဘဲ ပါဝင်တာကြောင့် အများကြီး မစားမိတော့သလို ကယ်လိုရီအများကြီး မတက်တော့ပါဘူး။ အဲ့ဒီအပြင် အသီးအရွက်တွေ ၊ငါးတွေ အဓိကထားစားတာကြောင့် ဗီတာမင်တွေ၊ သတ္တုဓာတ်တွေ အများကြီး ရရှိပါတယ်။

ဒါကြောင့် ဂျပန်လူမျိုးတော်တော်များများက ပိန်ပိန်ပါးပါးနဲ့ ကမ္ဘာပေါ်မှာ အသက်အရှည်ဆုံး ဖြစ်နေကြတာပါ။

 

တရုတ်

17321-a-bowl-of-rice-with-chopsticks-pv

တရုတ်နိုင်ငံမှာ တူနဲ့ အဓိက ထမင်းစားကြတာပါ။ တူနဲ့ ထမင်းစားတာက ဇွန်းထက်စားတာနဲ့ယှဉ်ရင် အစာစားတာ ပိုနှေးပြီး အများကြီးလည်း မစားဖြစ်အောင် ကူညီပေးပါတယ်။ သုတေသနတွေအရ အစားအစာကို မြန်မြန် စားလေလေ များများဝင်လေဖြစ်ပြီး နှလုံးရောဂါဆိုင်ရာ ရောဂါတွေလည်း ခံစားရနိုင်ပါတယ်။

 

အိန္ဒိယ

buffet-315691_1280

အိန္ဒိယ အစားအစာတွေမှာ ဟင်းခတ်အမွှေးအကြိုင်တွေဖြစ်တဲ့ နနွင်း၊ ဂျင်း၊ ငရုတ်ကောင်း စတာတွေကို ထည့်တာကြောင့် အရသာရှိပြီး ကျန်းမာရေးအတွက် လည်းကောင်းပါတယ်။ အဲ့ဒီအပြင် ကြက်သွန်နီ၊ ကြက်သွန်ဖြူတွေကလည်း နှလုံးရောဂါ ဖြစ်ပွားမှုကို လျော့ကျစတဲ့အပြင် သွေးအတွင်း ကိုလက်စထရောဓာတ်ကိုလည်း လျော့ကျစေပါတယ်။

 

ခနောကြက်သားမှုန့်

image001

မြန်မာ အစားအစာချက်နည်းတွေကလည်း အိန္ဒိယအစားအစာတွေနဲ့ဆင်တူပါတယ်။ ခနောကြက်သားမှုန့်ကို သုံးရင် ဆားထည့်စရာမလိုတဲ့အပြင် ဟင်းလျာတွေရဲ့ အနံ့နဲ့ အရသာကို ထူးကဲအောင် ကျန်းမာရေးနဲ့ ညီညွတ်အောင် လုပ်ဆောင်ပေးနိုင်ပါတယ်။

ခနော ကြက်သားမှုန့်က မြန်မာနိုင်ငံမှာ ချက်ပြုတ်လေ့ရှိတဲ့ လူမျိုးတိုင်းရဲ့ ရိုးရာ ဟင်းလျာတွေနဲ့ လိုက်ဖက်အောင် အသုံးပြုလို့ရအောင် ထုတ်လုပ်ထားတာဖြစ်ပါတယ်။

ခနောကြက်သားမှုန့်က ဆား၊ သကြားနဲ့ MSG တို့နဲ့အချိုးကျ ပေါင်းစပ်ထားတာဖြစ်ပါတယ်။ ပြောင်းဖူးနဲ့ ကြံကိုကနေ သဘာဝနည်းလမ်းဖြင့်ပြုလုပ်ထားတဲ့ MSG ၁၉ ရာခိုင်နှုန်းပါဝင်ပြီး ၁၀၀ ရာခိုင်နှုန်းသန့်စင်ပါတယ်။ ဓာတုပစ္စည်းတွေနဲ့ ကျန်းမာရေးကို ထိခိုက်စေတဲ့ ပစ္စည်းတွေမပါဝင်ပါဘူး။

အဲ့ဒီအပြင် ကြက်သားမှုန့် ထုတ်လုပ်စဉ်၊ အခြောက်ခံစဉ်တွေမှာ သဘာဝနည်းအတိုင်း ပြုလုပ်ထားပြီး လူတွေကို အန္တရာယ်ဖြစ်စေတဲ့ ဓာတုပစ္စည်းတွေ၊ ဓာတု ပါဝင်ပစ္စည်းတွေ မသုံးစွဲထားပါဘူး။

ခနောက ကမ္ဘာလုံးဆိုင်ရာ အစားအသောက် လုံခြုံရေး ဦးဆောင်မှု အဖွဲ့ ဖြစ်တဲ့ Global Food Safety Initiative (GFSI) ကနေ အသိအမှတ်ပြုလက်မှတ် FSSC 22000 လက်မှတ်ရထားတဲ့ မြန်မာနိုင်ငံက တစ်ဦးတည်းသောအဖွဲ့အစည်းဖြစ်ပါတယ်။

ဒီဆောင်းပါးကို ခနောကြက်သားမှုန့်က ကူညီပံ့ပိုးပေးထားပါတယ်။