ကမ္ဘာပေါ်တွင် ဂျပန်နိုင်ငံသည် အကျန်းမာဆုံးသော နိုင်ငံများထဲတွင် တစ်ခုအပါအဝင်ဖြစ်ပါတယ်။ လူများအနေဖြင့်လည်း ဂျပန်လူမျိုးများသည် အဝလွန်ခြင်း၊ ကင်ဆာရောဂါ၊ နှလုံးနှင့်ဆိုင်သည့် ရောဂါများဖြစ်ပွားမှုလည်း နည်းပါးလှပြီး အသက်ရှည်ရှည်နေထိုင်နိုင်ကြပါတယ်။ ထိုကဲ့သို့ အသက်ရှည်ကျန်းမာခြင်း၏ လျှို့ဝှက်ချက်မှာ အခြားအရာမဟုတ် ကျန်းမာရေးနှင့်ညီညွတ်သည့် စားသောက်မှုပုံစံပဲဖြစ်ပါတယ်။ ထို့ကြောင့် အသီးအရွက်အမြောက်အမြားနှင့် အသားထက်ငါးကိုသာ ပိုမိုစားသုံးပေးကြသော ဂျပန်လူမျိုးတို့၏ စားသုံးမှုပုံစံက ပေးစွမ်းနိုင်သည့် ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးများကို ရွေးနုတ်ဖော်ပြပေးလိုက်ရပါတယ်။

၁။ ငယ်ရွယ်နုပျိုခြင်း

ငါးတစ်ခုတည်းသာမဟုတ်ဘဲ အခြားအစားအသောက်အမျိုးမျိုးကိုပါ နေ့စဉ်ထည့်သွင်းစားသုံးပေးသောကြောင့် ရောင်ခြည်လှိုင်းများကို တိုက်ဖျက်ရာတွင် အထောက်အကူပြုပါတယ်။ ကျန်းမာရေးနှင့်ညီညွတ်သည့် စားသောက်မှုပုံစံသည် ဗီတာမင်အီး၊ ဘီကာရိုတင်းနှင့် ဗီတာမင်စီတို့ကဲ့သို့ Antioxidants များဖြင့် ခန္ဓာကိုယ်ကိုဖြည့်တင်းပေးပါတယ်။

၂။ နှလုံးရောဂါဖြစ်ပေါ်မှုကိုလျော့ချပေးခြင်း

လက်ဖက်ရည်ကြမ်းကဲ့သို့ ဂျပန်လူမျိုးများသုံးစွဲသည့်အစားအစာများသည် နှလုံးကျန်းမာရေးကို တိုးတက်စေပါတယ်။ ထို့အပြင် နှလုံးကျန်းမာရေးကို ထိခိုက်စေမည့် အဆီ၊ သကြား၊ ကာဗွန်ဟိုက်ဒရိုတ်တို့ အမြောက်အမြားပါဝင်သည့် အစားအစာများကိုလည်း စားသုံးမှုနည်းပါးကြပါတယ်။

၃။ ကျန်းမာရေးနှင့်ညီညွတ်သည့်စားသုံးမှုပုံစံ

ဂျပန်လူမျိုးများသည် အစာရွေးချယ်စားသုံးမှု မှန်ကန်သည့်အတွက် အဝလွန်သည့်ပြဿနာဖြစ်ပေါ်မှု မရှိသလောက်နည်းပါးလှပါတယ်။ ပေါင်မုန့်ထက် ထမင်းစားသုံးရသည်ကို နှစ်ခြိုက်ကြသောကြောင့် ကောင်းမွန်သည့် BMI (Body Mass Index) နှင့် ကျန်းမာသောလူဦးရေကို တွေ့မြင်နိုင်တာ ဖြစ်ပါတယ်။

၄။ လျှာအရသာအထူးတွေ့ခြင်း

ဂျပန်အစားအစာများသည် ဗီတာမင်များ၊ သတ္တုဓာတ်များ နှင့် အန်ဇိုင်းဓာတ်တို့ အမြောက်အမြားပါဝင်ပါတယ်။ ထို့အပြင် ဂျပန်လူမျိုးများသည် တစ်ခါတည်းနှင့် အမျိုးအမယ်များပြားလှသည့် အစားအသောက်များကို စားသုံးသည့်အတွက် ခံတွင်းအရသာတွေ့လှမှာဖြစ်ပါတယ်။

၅။ အသက်ရှည်ရှည်နေထိုင်နိုင်ခြင်း

ဂျပန်နိုင်ငံတွင် စားသောက်မှုပုံစံသည် ငါးနှင့်အသီးအရွက်များဖြင့် ပြည့်နှက်နေပြီး အချိုးအစားညီမျှသောကြောင့် အသက်ရှည်ရှည်နှင့် ကျန်းကျန်းမာမာနေထိုင်နိုင်တာဖြစ်ပါတယ်။

၆။ ကင်ဆာဖြစ်ပေါ်မှုနည်းပါးခြင်း

ထိုသို့ဖြစ်ရခြင်းမှာ စားသောက်လိုက်သည့် အစားအစာများထဲတွင် ဖိုက်ဘာဓာတ်အပြည့်ပါဝင်ပြီး အသီးအရွက်အများအပြားနှင့် ငါးကိုသာအဓိကစားသုံးခြင်းတို့ကြောင့် ကင်ဆာရောဂါဖြစ်ပေါ်မှုနည်းပါးရခြင်းပဲဖြစ်ပါတယ်။

၇။ ကျန်းမာကြံ့ခိုင်၍အဝလွန်မှုကိုလျော့နည်းစေခြင်း

ဂျပန်အစားအသောက်များတွင် သင့်အားလျင်မြန်စွာဗိုက်ပြည့်စေသည့် ဟင်းချို သို့မဟုတ် အသီးအရွက်တို့ပါဝင်သောကြောင့် အလွန်အကျွံစားသောက်မှုမှ ဟန့်တားပေးပါတယ်။

၈။ သွေးပေါင်ချိန်ကိုထိန်းညှိပေးခြင်း

ပဲအနှစ်ဖြင့်ထုတ်လုပ်ထားသည့် အစားအစာများသည် သွေးပေါင်ချိန်ကိုထိန်းချုပ်ပေးသည့်အတွက် နေ့စဉ်စားသောက်မှုပုံစံတွင် ထည့်သွင်းစားသောက်ပေးသင့်ပါတယ်။ တို့ဖူးသည် အလွယ်တကူရှာတွေ့နိုင်သည့်အစားအစာတစ်မျိုးဖြစ်ပြီး သွေးပေါင်ချိန်ကိုလျော့ကျစေကာ ကျန်းမာရေးကိုတိုးတက်ကောင်းမွန်စေပါတယ်။

၉။ အာဟာရဓာတ်အမြောက်အမြားပါဝင်ခြင်း

ဟင်းသီးဟင်းရွက်များသည် အာဟာရဓာတ်မြင့်မားရုံသာမက အချိုးအစားလည်းညီမျှလှပါတယ်။ အဆီပါဝင်မှုနည်းပါးခြင်း၊ ပရိုတင်းပါဝင်ခြင်း၊ သကြားမပါဝင်ခြင်းတို့ကြောင့် အစိမ်းလိုက်စားသုံးသည့်အခါမှာ ပို၍အာဟာရဓာတ်ကို ရရှိနိုင်ပါတယ်။ ဂျပန်လူမျိုးတစ်ဦးသည် တနေ့လျှင် ဟင်းသီးဟင်းရွက် အမျိုး ၂၀ မှ ၃၀ အထိစားသုံးပေးကြပါတယ်။

၁၀။ အူကျန်းမာရေးအတွက်သင့်တော်ခြင်း

အချဉ်ဖောက်ထားသည့်အစားအစာများသည် သင့်ခန္ဓာကိုယ်အတွင်းရှိ အစာအိမ်အက်စစ်များ လည်ပတ်ရန်အတွက် အကူအညီပေးပါတယ်။ ထို့အပြင် အစာခြေရာတွင်အထောက်အကူပြုသည့် အူဘက်တီးရီးများထုတ်လုပ်ရာတွင်လည်း အလွန်အထောက်အကူပြုပါတယ်။