ကီဝီ ၂ လုံးစားပါ

04-Kiwis_Surprising-Energy-Boosters-That-Arent-Coffee_646158013-wmslon

ကီဝီသီးတွေမှာ စွမ်းအင်ကို တိုးစေတဲ့ ဗီတာမင်၊ သတ္တုဓာတ်တွေ ကြွယ်ဝစွာပါဝင်နေပါတယ်။ တစ်နေ့ကို ကီဝီသီး ၂ လုံးစားရင် မောပန်းနွမ်းနယ်ခြင်းကို ပြေပျောက်စေပြီး စိတ်ဖိစီးမှုကို လျော့ကျစေကာ အားအင်ကို တိုးစေပါတယ်။

သီချင်း ကျယ်ကျယ်နားထောင်ပါ

09-Music_Surprising-Energy-Boosters-That-Arent-Coffee_522291646-Stock-Asso

အလုပ်ထဲမှာ မောပန်းနေပြီး အားအင် ကုန်ခမ်းနေသလို ခံစားရရင် နားထဲမှာ နားကျပ်တပ်ပြီး သီချင်းကျယ်ကျယ်နားထောင်လိုက်ပါ။

သီချင်းကျယ်ကျယ်နားထောင်တာဟာ အားအင်ကို တိုးမြင့်စေပြီး စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေကိုလည်း ကောင်းစေပါတယ်။

မနက်စာစားပါ

မနက်စာက တစ်နေ့လုံးအတွက် အရေးကြီးဆုံး အစားအစာဖြစ်ပါတယ်။ မနက်စာ စားထားတဲ့သူက ပိုပြီး တက်ကြွ လန်းဆန်းပြီး စိတ်ဖိစီးမှုကိုလည်း လျော့နည်းစေပါတယ်။

မျက်နှာသစ်ပါ

မြန်မြန် လန်းဆန်းချင်သလား။ ကော်ဖီသောက်တာထက် အမြန်ဆုံးလန်းဆန်းတက်ကြွစေတာက မျက်နှာသစ်တာဘဲဖြစ်ပါတယ်။ ရေအေးအေးကို မျက်နှာပေါ်တင်လိုက်တာနဲ့ လန်းဆန်းတက်ကြွသွားမှာပါ။

ရေများများသောက်ပါ

လူ့ခန္ဓာကိုယ်မှာ ရေဓာတ်က ၆၀ ရာခိုင်နှုန်းလောက်လိုအပ်ပါတယ်။ ရေဓာတ်အနည်းငယ်ခမ်းခြောက်ရင်တောင် မောပန်းလွယ်ပါတယ်။ ဒါကြောင့်တစ်နေ့ကို ရေ ၈ ခွက်၊ ၉ ခွက်လောက်အနည်းဆုံး သောက်သင့်ပါတယ်။