သွားကျန်းမာရေးက အရေးကြီးပါတယ်။ တစ်နေ့ကို သွား ၂ ကြိမ်တိုက်တာနဲ့ မလုံလောက်ပါဘူး။ နေ့စဉ် ကိုယ်လုပ်ဆောင်နေတဲ့အရာတွေက ခံတွင်း အနံ့ဆိုးကို ဖြစ်ပေါ်စေပါတယ်။

ရေများများသောက်ပါ

ရေက ခန္ဓာကိုယ်အတွက် အကောင်းဆုံးအရာပါ။ ရေလုံလောက်စွာသောက်သုံးရင် ရေဓာတ်ခမ်းခြောက်မှုကို ကာကွယ်ပေးပြီး ခံတွင်းကို သန့်စင်ပေးပြီး အနံ့ဆိုးတွေကို ကင်းဝေးစေပါတယ်။

တစ်ယောက်ယောက်နဲ့ စကားမပြောခင်မှာ ရေအနည်းငယ်ငုံပြီးသောက်ပြီးမှ စကားပြောတဲ့အကျင့်ကို လုပ်ဆောင်ထားရင် အနံ့ဆိုးတွေ ကင်းဝေးစေမှာပါ။

ကော်ဖီအများကြီး မသောက်ပါနဲ့

မနက်ဆိုတာနဲ့ ကော်ဖီသောက်ချင်ကြပါတယ်။ ဒါပေမယ့် ကော်ဖီကို အများကြီးမသောက်သင့်ပါဘူး။ ကဖိန်းဓာတ်က ခံတွင်းကို ခမ်းခြောက်စေပြီး အနံ့ဆိုးတွေဖြစ်စေပါတယ်။

ထမင်းစားပြီးတိုင်း သွားကို သန့်ရှင်းရေးလုပ်ပေးပါ

ထမင်းစားပြီးလို့ သွားကြားညှပ်နေတာ၊ သွားကြားထဲက အစားအစာတွေကို သွားကြားသန့်ရှင်းရေးလုပ်တဲ့ ပစ္စည်းလေးတွေနဲ့လုပ်ပေးပါ။ အစာတွေက ဟိုးအောက်ကို ရောက်သွားရင် ပြန်ထုတ်ရ ခက်ခဲပြီး ဘက်တီးရီးယားတွေပေါက်ပွားလာကာ ခံတွင်းအနံ့ဆိုးစေပါတယ်။

၃ လတစ်ကြိမ် သွားတိုက်တံလဲပေးပါ

အချိန်က ခဏလေးနဲ့ ကုန်သွားတတ်ပါတယ်။ဒါကြောင့် ကိုယ်တွေ သတိမထားခင်မှာ သွားတိုက်တံက ဟောင်းနေတတ်ပါတယ်။ သွားတိုက်တံအဟောင်းတွေကို အသုံးပြုရင် ပါးစပ်ထဲကို ဘက်တီးရီးယား တွေ ဝင်တတ်ပါတယ်။ ဒါကြောင့် သွားတိုက်တံကို လဲပေးပါ။ လျှာကို ပါ တိုက်ပေးပါ။

Alcohol မပါဝင်တဲ့ ပလုပ်ကျင်းတဲ့ ဆေးရည်တွေကိုသုံးပါ

ပလုပ်ကျင်းတဲ့ ဆေးရည် ပစ္စည်းတွေရဲ့ ၂၇ ရာခိုင်နှုန်းက Alcohol ပါဝင်တာကြောင့် မပါဝင်တဲ့ ပစ္စည်းတွေကို ရွေးသုံးပါ။

Alcohol ပါဝင်တဲ့ ပလုပ်ကျင်းတဲ့ဆေးရည်တွေက ပါးစပ်ကို ခြောက်သွေ့စေပြီး ခံတွင်းအနံ့ဆိုးတွေဖြစ်စေပါတယ်။

သောက်နေကျ ဆေးတွေကို သတိထားပါ

တချိုု့ ဆေးဝါးတွေက ခံတွင်းကိုခြောက်စေပြီး အနံ့ဆိုးတွေဖြစ်စေတာကြောင့် ကိုယ်သောက်နေကျဆေးဝါးတွေရဲ့ဘေးထွက်ဆိုးကျိုးတွေကို လေ့လာထားသင့်ပါတယ်။

Reference Link: https://brightside.me/inspiration-health/12-surprising-daily-dos-and-donts-to-avoid-bad-breath-397710/