ဥသျှစ်သီးကို ရှေးယခင်ကတည်းက ဆေးဖြစ်ဝါးဖြစ် အသုံးပြုလာခဲ့ကြတာပါ။ ဥသျှစ်သီးအနံ့ကမွှေးပြီး မှည့်ရင် ဆေးဖက်ပိုဝင်ပါတယ်နော်။

ပါဝင်တဲ့အဟာရ

woodapple-700x525

ဥသျှစ်သီးမှာ ဗီတာမင်ဓါတ်တွေ ၊ သတ္တုဓါတ်တွေ နဲ့ အော်ဂဲလ်နစ်ကွန်ပေါင်းဓါတ်တွေပါဝင်ပါတယ်။ ကယ်လ်ဆီယမ်၊ ဖော့စဖော်ရပ်စ် အမျှင်ဓါတ် ပရိုတင်းဓါတ်နဲ့ သံဓါတ်ပါဝင်ပါတယ်။

ကျန်းမာရေးအကျိုးကျေးဇူးတွေ

4805-bael-juice-for-skin-hair-and-health

အစာချေစနစ်ကို ကောင်းမွန်စေပြီး ဝမ်းချုပ်တာကိုသက်သာစေတယ်။ အစာမကြေတာကို သက်သာစေတယ်။

အူလမ်းကြောင်းကို သန့်စင်ပေးနိုင်ပြီး အူမကြီး ပြဿနာတွေကို သက်သာစေပါတယ်။ အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကို သက်သာစေပါတယ်။ ဥသျှစ်သီးရွက်နေ ရလာတဲ့အဆီကို ရှုပေးရင် အအေးမိတာ အသက်ရှုလမ်းကြောင်း ဝေဒနာတွေကို သက်သာစေပါတယ်။ ဥသျှစ်သီးရွက်က လည်ချောင်းနာတာ ချောင်းဆိုးတာကိုလည်း သက်သာစေပါတယ်။

ဝမ်းချုပ်တာကို သက်သာစေပေမယ့် ဝမ်းလည်းမလျှောစေပါဘူး။ ဝမ်းကို ပျော့ပျော့သွားစေပြီး ဝမ်းကိုက်သက်သာစေပါတယ်။

ဥသျှစ်သီးက သွေးကိုသန့်စင်ပေးနိုင်ပြီး အသည်း၊ ကျောက်ကပ်ကို ကျန်းမာစေပါတယ်။ ဥသျှစ်သီးကို ရေနွေးနဲ့ ဖျော်သောက်ရင် သွေးကိုသန့်စဉ်ပေးနိုင်ပြီး အဆိပ်အတောက်ဖယ်ရှားပေးပါတယ်။

ဗီတာမင် C ချို့တဲ့လို့ဖြစ်တဲ့ သွေးရောဂါတစ်မျိုးမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ကိုယ်ခံအားနစ်ကိုမြင့်တင်ပေးနိုင်ပြီး ဥသျှစ်သီးကို စားပေးမယ်ဆိုရင် မမြင်နိုင်တဲ့ ရောဂါပိုးမွှားဝင်ရောက်ခြင်းကနေ ကာကွယ်ပေးပါတယ်။

ဆီးချိုသမားတွေအတွက် ကောင်းမွန်ပါတယ်။ ဥသျှစ်သီးကို ပုံမှန်စားပေးမယ်ဆိုရင် ကျောက်ကပ်ကို ကောင်းမွန်စေပါတယ်။ Beta Carotene ပါဝင်လို့ အသည်းကိုကျန်းမာစေပါတယ်။

မှတ်ချက်

ဥသျှစ်သီးကို အလွန်အကျွံစားရင်တော့ ဝမ်းဗိုက်လေပွတာမျိုးဖြစ်စေပါတယ်။ အသီးရဲ့ အနံ့ကို သေချာနမ်းပါ။ အသီးအရောင်ကို သေချာကြည့်ပြီးဝယ်ပါ။ ကိုယ်နဲ့ တည့်မတည့်သိချင်ရင် နည်းနည်းလေးပဲ အရင်စားပေးကြည်ပါ။