လူကြီးတွေက ရေနွေးသောက်ကြပေမယ့်လည်း လူငယ်တော်တော်များများကတော့ ရေခဲရေသောက်တာ ပိုများပါတယ်။ ရေအေးသောက်မယ်ဆိုရင်တောင် ရိုးရိုးရေပဲသောက်ပါ။ ရေခဲရေကို မသောက်တာ အကောင်းဆုံးပါပဲ။ ရေနွေးကို အမြဲတမ်းသောက်ပေးမယ်ဆိုရင် ဘယ်လိုအကျိုးကျေးဇူးတွေရလာမလဲဆိုတာကို ပြောပြပေးလိုက်ပါတယ်။

မနက်ပိုင်းမှာရေနွေးတစ်ခွက်သောက်ပေးတာက အရမ်းကောင်းတဲ့ အလေ့အကျင့်တစ်ခုပါ။ မနက်ပိုင်းမှာ ရေနွေးတစ်ခွက်ထဲကို သံပုရာသီး (သို့) သံပယိုသီး တစ်ချပ်ကိုထည့်ပြီး သောက်ပေးမယ်ဆိုရင်တော့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ကိုယ်တွင်းအဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။

ရေနွေးကိုသောက်ပေးခြင်းက အမျိုးသမီးတွေ ရာသီလာခါနီးမှာ ကိုက်ခဲတဲ့ဝေဒနာတွေကို သက်သာစေပါတယ်။ ဒါ့အပြင် ခေါင်းကိုက်တာကိုလည်း သက်သာစေပါတယ်။

စိတ်ရှုပ်နေတဲ့အချိန်နဲ့ စိတ်ဖိစီးမှုတွေ Stress တွေများနေတဲ့အချိန်မှာ ရေနွေးတစ်ခွက်သောက်ပေးမယ်ဆိုရင်တော့ စိတ်ဖိစီးမှုတွေကိုလျော့ကျစေပါတယ်။

ရိုးရိုးရေသောက်ပေးတာက ဝိတ်ကျစေသလို ရေနွေးသောက်ပေးတာကလည်း ဝိတ်ကျစေပါတယ်။

ရေခဲရေသောက်တာထက်စာရင် ရေနွေးသောက်ပေးတာက သွေးလည်ပတ်မှုကိုကောင်းစေပြီး သွေးခုန်နှုန်းလည်း မှန်စေပါတယ်။

ရေနွေးကိုပုံမှန်သောက်ပေးခြင်းက အစာချေစနစ်ကိုကောင်းမွန်စေပြီး ဝမ်းမှန်စေပါတယ်။

ရေခဲသောက်တာထက်စာရင် ရေနွေးသောက်တာက အိုးမင်းရင့်ရော်ခြင်းတွေကို ကာကွယ်ပေးနိုင်ပြီး အရေးအကြောင်းတွေမဖြစ်အောင်လည်း တားဆီးပေးနိုင်ပါတယ်။

Photo Source: www.brightside.me