ကြို့ထိုးတဲ့ ကိစ္စရပ်လေးတစ်ခုက ရုတ်တရက်ပေါ်လာတတ်ပြီး မြန်မြန်ဆန်ဆန်နဲ့လည်း ပျောက်ကင်းသွားတတ်ပါတယ်။ ဒါပေမယ့်လည်း တခါတရံတွင်တော့ စိတ်အနှောင့်အယှက်ဖြစ်စေနိုင်ပြီး စိတ်ပူရတဲ့ ကိစ္စလည်း ဖြစ်လာပါတယ်။

ဒါကြောင့် နောက်ဆက်တွဲ စိုးရိမ်ရမယ့်ကိစ္စတွေ မဖြစ်လာရစေဖို့ ကြို့ထိုးတဲ့အခါမှာ မြန်မြန်ပျောက်ကင်းစေဖို့ လုပ်ဆောင်နိုင်မယ့် နည်းလမ်းကောင်းလေးတွေကို ဝေမျှပေးလိုက်ရပါတယ်။

နားပိတ်ထားပါ

စက္ကန့် ၂၀ မှ ၃၀ အထိ နားနှစ်ဖက်ထဲ လက်ချောင်းထိုးထည့်ထားခြင်း သို့မဟုတ် နားအောက်ခြေရှိ နုတဲ့နေရာလေးကို လက်နဲ့ဖိထားပါ။

မသိသာတဲ့ အကြောလေးတွေမှတဆင့် စိတ်သက်သာစေမယ့် အချက်လေးများကို ပြလိုက်မှာဖြစ်လို့ အချိန်တိုအတွင်း ကြို့ထိုးတာ သက်သာစေမှာပါ။

ရေသောက်ပါ

ပိုက်မှတဆင့် ရေကိုဖြည်းဖြည်းချင်း မျိုချပေးခြင်းကလည်း အကြောများကို ပြေလျော့စေပါတယ်။ ရေနဲ့ပလုပ်ကျင်းခြင်းကလည်း သက်ရောက်မှုအတူတူပါပဲ။ ဒီနည်းလမ်းကလည်း အကြိမ်အနည်းငယ်လောက် ပလုပ်ကျင်းပြီးရင် ပျောက်ကင်းသွားနိုင်ပေမယ့်လည်း တခါတလေမှာတော့ အကြိမ်များများ လုပ်ပေးဖို့လိုအပ်ပါတယ်။

နားပိတ်ပြီး ရေသောက်ပါ

ပိုက်နဲ့ ရေသောက်နေစဉ်မှာ နားနှစ်ဖက်ကိုပိတ်ထားပါ။ နားပိတ်ထားတဲ့အချိန်မှာ အကြောလေးတွေကို ဖိထားပေးသလိုဖြစ်သွားပြီး ရေကိုလည်း ဖြည်းဖြည်းနဲ့မှန်မှန်သောက်ပေးပါ။

စက္ကူအိတ်အတွင်း လေရှူလေထုတ်လုပ်ပါ

ဒီနည်းလမ်းလေးက သွေးအတွင်းရှိ ကာဗွန်ဒိုင်အောက်ဆိုဒ်ဖိအားကို တိုးမြှင့်ပေးပြီး အမြှေးပါးကို အောက်စီဂျင်းပိုမိုသယ်ဆောင်နိုင်စေဖို့ လုပ်ဆောင်ပေးပါတယ်။ ကြို့ထိုးတာ နည်းနည်းသက်သာသွားပြီလို့ထင်ရင် ရပ်လိုက်ပါ။

ပျားရည်နဲ့ သံပုယို

သံပုယိုသီးကို ဝါးပေးခြင်း သို့မဟုတ် ရေနွေးနွေးလေးနဲ့အတူ ပျားရည်ကို သောက်သုံးပေးခြင်းက အကြောများကိုသက်သာစေလို့ ကြို့ထိုးတာကို သက်သာစေပါတယ်။

အချိုတစ်ဇွန်းလောက်စားပေးခြင်း

ကြို့ထိုးနေစဉ်မှာ သကြား သို့မဟုတ် မြေပဲထောပတ် တစ်ဇွန်းစားပေးခြင်းက သက်သာစေနိုင်ပါတယ်။ စားလိုက်တာနဲ့ လျှာကနေမျိုချလိုက်တဲ့ လှုပ်ရှားမှုတွေက အစာအိမ်ရဲ့အသက်ရှူခြင်းကို ပြောင်းလဲပေးလိုက်လို့ ကြို့ထိုးတာကို ပျောက်ကင်းစေတာပါ။