ကိုယ့်ဆီမှာရှိနေတဲ့ မီးဖိုချောင်နဲ့ အသုံးဆောင်ပစ္စည်းတွေက သုံးတာကြာလာရင် အရောင်တွေမှိန်ပြီး ဟောင်းသွားတတ်ပါတယ်။

ကိုယ်ကလည်း ပစ္စည်းဟောင်းတွေ မသုံးချင်တဲ့သူဆိုရင် ထပ်ဝယ်တာနဲ့ပိုက်ဆံကုန်နေမှာပါ။

ဒါကြောင့်ပစ္စည်းဟောင်းတွေကို အသစ်နီးနီး ပြန်လည်သစ်လွင်သွားစေမယ့် နည်းလမ်းကို ဝေမျှချင်ပါတယ်။

စဉ်းနှီတုံးတွေညစ်ပတ်နေရင်

သံပုရာသီး နဲ့ဆားကိုရောပြီး အစိမ်းဖက်ကို အဲ့ဒီအရည်ထဲမှာ နှစ်ပြီး စဉ်းနှီးတုံးတွေတိုက်ပေးရင် ပြန်ဖြူလာပါလိမ့်မယ်။

873255-pans5-650-14088349f0-1484729695

ကြေးနီ အိုးဖင်တွေမဲနေရင်

ကြေးနီနဲ့လုပ်ထားတဲ့ အိုးတွေကတော့ ဟင်းချက်ရာမှာအကောင်းဆုံးပါဘဲ။ သူတို့ကို ပြန်ပြီး ပြောင်လက်တောက်ပစေချင်ရင် ဆားနဲ့ ရှာလကာရည်သုံးလို့ရပါတယ်။

အိုးဖင်ပေါ်မှာ ဆားအနည်းငယ်ဖြူးပြီး ရှာလကာရည်တစ်စက်၊ ၂စက်လောက်ချလိုက်ပြီး အိုးတိုက်တဲ့ အဖက်နဲ့ တိုက်လိုက်ပါ။

872955-pans1-650-1dd83ff874-1484729695

ကော်ဇောပေါ်မှာ အစားအသောက်တွေဖိတ်

ရှာလကာရည် ၁ ချိုးနဲ့ ရေ ၂ ချိုးကို စပ်ပြီး ရေဖြန်းတဲ့ဗူး (Spray Bottle) ထဲထည့်ပါ။ ဖိတ်ထားတဲ့နေရာကို Spray ဗူးနဲ့ ဖြန်းလိုက်ပြီး အဝတ်ခြောက်တစ်ခုနဲ့ အုပ်ထားပါ။ အဲ့ဒီအဝတ်ခြောက်အပေါ်ကို မီးပူ မီးအေးအေးလေးနဲ့ စက္ကန့် ၃၀လောက်တိုက်လိုက်ပါ။ ဒါဆိုရင် စွန်းထင်းနေတဲ့အကွက်တွေ ပျောက်သွားပါလိမ့်မယ်။

873205-pans4-650-873cea99a9-1484729695

မီးညှော်တွေကပ်နေရင်

Hydrogen Peroxide နဲ့ ဆိုဒါနဲ့ရောပြီး မီးညှော်တွေကပ်နေတဲ့နေရာကို သုတ်ပေးပါ။ ပြီးရင် မိနစ် ၃၀လောက်ထားပြီး ရေဆေးချပေးပါ။

873155-pans3-650-6d08058b87-1484729695

ကြွေပြားကြားထဲက ဂျီးတွေအတွက်

မီးဖိုချောင်ကြွေပြားကြားတွေထဲမှာ ဂျီးတွေရှိနေတတ်ပါတယ်။ ဒီလို ဂျီးတွေအတွက်ဆိုရင် ရေနဲ့ အစွန်းချွတ်ဆေးကို ဆတူရောပြီး တိုက်ချွတ်ပေးပါ။ အဲ့လို တိုက်ချွတ်နေချိန်မှာ လေဝင်လေထွက်ကောင်းအောင် ထားပေးပါ။