သွေးပေါင်တက်ခြင်းဆိုတာက ခန္ဓာကိုယ်မှာရှိတဲ့ သွေးတွေ သွေးလွှတ်ကြောဆီကို တအားကုန်ညှစ်ပေးလို့ဖြစ်ရတာပါ။ အဲ့ဒီ့အခါ နှလုံးကိုထိခိုက်စေပြီး နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ စတဲ့ နောက်တွဲဆက်ဆိုးကျိုးတွေ တစ်ဆင့်ပြီးတစ်ဆင့် ဖြစ်လာရပါတယ်။

ဒါပေမယ့်လည်း သဘာ၀ အစားအစာတွေနဲ့ သွေးပေါင်ကျအောင် လုပ်ယူလို့ရပါတယ်။ မကြာခင်ကလေ့လာထုတ်ပြန်ချက်အရ ကြက်သွန်ဖြူလည်း သွေးပေါင်လျှော့ချရာမှာ အသုံးဝင်ပါတယ်လို့သိရပါတယ်။

ကြက်သွန်ဖြူ စားခြင်းက သွေးပေါင်ကျစေတဲ့ အပြင်နှလုံးရောဂါကိုပါ ကာကွယ်ပေးပါတယ်။ ကြက်သွန်ဖြူ မှာရှိတဲ့ ဒြပ်ပေါင်းတွေက သွေးကြောတွေကို ပြေလျော့စေပြီး သွေးပေါင်ကျစေပါတယ်။ Pharmacotherapy ဆိုတဲ့ဂျာနယ်တစ်ခုမှာပါရှိတဲ့ လေ့လာချက်တစ်ခုကဖော်ပြထားပါတယ်။ စမ်းသပ်မှုမှာ ပါဝင်တဲ့ သွေးတိုးရောဂါရှင်တွေကို ဘက်တီးရီးယားတွေကို တိုက်ထုတ်ပေးနိုင်တဲ့ Allicin ၁.၃ရာခိုင်နှုန်းပါဝင်တဲ့ ကြက်သွန်နီ ၂၄၀၀ မီလီဂရမ် ကိုစားသုံးစေပါတယ်။

အံံ့သြစရာကောင်းတာကတော့ ၅နာရီ မပြည့်ခင်မှာပဲ သွေးပေါင်ချိန် 7/16 mmHg လောက်ကျသွားပါတယ်။၅နာရီမှ ၁၂နာရီ အတွင်းမှာပဲ အခြားသွေးကြောတွေကိုလည်း သူ့အလိုလိုသက်သာပြေလျော့စေပါတယ်။

ကြက်သွန်ဖြူ မှာ ကျန်းမာရေးအထောက်အကူပြု အာနိသင်တွေပြည့်ဝနေတဲ့အတွက် နေ့စဉ်စားပေးခြင်းဖြင့် သွေးတိုးရောဂါအပြင် အခြားရောဂါတွေမှလည်း ကာကွယ်ပေးနိုင်ပါတယ်။