လေဖြတ်ဖူးသူ၊ လေဖြန်းဖူးသူတွေက ဆရာဝန်နဲ့ သေချာ ပြသကုသသင့်သလို၊ Physical Therapists တွေနဲ့လည်း ပြန်လည်ထူထောင်ရေး လေ့ကျင့်ခန်းတွေ လုပ်ဆောင်သင့်ပါတယ်။

ပြန်လည်ထူထောင်ရေးနဲ့ပတ်သက်တဲ့ ကုသမှုတွေ၊ လေ့ကျင့်ခန်းတွေလုပ်ဆောင်ပါ

လေ့ကျင့်ခန်း

လေဖြတ် ၊လေဖြန်းဖူးသူတွေ အဓိကလုပ်ဆောင်သင့်တာက လေ့ကျင့်ခန်းဖြစ်ပါတယ်။ လေ့ကျင့်ခန်းက ခန္ဓာကိုယ်မသန်စွမ်းဖြစ်မှု၊ ဟန်ချက်မညီမှု တွေကို တဖြည်းဖြည်းနဲ့ ပြန်ကောင်းလာအောင် ကူညီပေးပါလိမ့်မယ်။

ဒါ့ကြောင့် အနည်းဆုံးတော့ လမ်းလျှောက်တဲ့လေ့ကျင့်ခန်းလောက် လုပ်ဆောင်သင့်ပါတယ်။

ရေနွေးကြမ်း သို့ Green Tea သောက်

အနည်းဆုံး ရေနွေးကြမ်း သို့ Green Tea ၃ ခွက် နေ့စဉ်သောက်သူက လေဖြတ်နိုင်ချေကို လျော့နည်းစေတယ်လို့သုတေသနတစ်ခု အရ သိရပါတယ်။

လေဖြတ်ပြီးသူတွေအတွက်ကလည်း ရေနွေးကြမ်း သို့ Green Tea သောက်သူဟာ နှလုံးကို အားကောင်းစေပြီး စိတ်ဖိစီးမှုကိုလျော့ကျကာ နောက်ထပ် လေထပ်ဖြတ်မှုတွေကိုလည်း ကာကွယ်ပေးပါတယ်။

အဲ့ဒီအပြင် သွေးတွင်း သကြားဓာတ်ကိုလည်း ထိန်းချုပ်ပေးပါတယ်။

မျက်လုံး လေ့ကျင့်ခန်းလုပ်ပါ

လေဖြတ်ခံရပြီးနောက် တချို့က မျက်လုံးအမြင်အားနည်းသွားတတ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ မျက်လုံးလေ့ကျင့်ခန်းလုပ်ဆောင်သင့်ပါတယ်။

ကောင်းမွန်စွာအိပ်စက်ဖို့ လိုအပ်

အိပ်နေစဉ်အချိန်မှာပါ ပိုမိုလှပလာစေမယ့် နည်းလမ်း (၈) ခု

ကောင်းမွန်စွာအိပ်စက်မှုမရှိရင် လေဖြတ်နိုင်ချေပိုများပါတယ်။ ဒါ့ကြောင့် ညမအိပ်ခင် မိနစ် ၃၀ အလိုမှာ အီလက်ထရောနစ် ပစ္စည်းတွေကို ပိတ်ထားပြီးမှ အိပ်စက်သင့်ပါတယ်။ အခန်းကို အေးပြီး အမှောင်ချထားပြီး အိပ်ရင် ကောင်းမွန်စွာအိပ်စက်မှုကို ရရှိမှာပါ။

တရားထိုင်ပါ

သုတေသနအရ တရားထိုင်ခြင်းက အိပ်စက်မှုအရည်အသွေးကိုမြှင့်တင်ပေးပြီး ဦးနှောက်မှတ်ဉာဏ်နဲ့ အာရုံစူးစိုက်မှုကို အားကောင်းစေပါတယ်။