အစားအသောက်လည်း အများကြီးမစား၊ ကိုယ်အလေးချိန်လည်း မများဘဲ ဗိုက်နားဘဲ ပူလာတတ်တဲ့ အကြောင်းအရင်းတွေထဲမှာတော့ စိတ်ဖိစီးမှုလည်း အပါအဝင်ပါဘဲ။ စိတ်ဖိစီးမှုကြောင့် ဗိုက်နားမှာ အဆီတွေ များလာရတာက ဗိုက်ပူသူတွေရဲ့ အဓိက အကြောင်းအရင်းလို့တောင် ဆိုနိုင်နေပါပြီ။

ဗိုက်ပူရတဲ့အကြောင်းအရင်း

  • စိတ်ဖိစီးမှုများခြင်း
  • အစားစားချိန် ပုံမမှန်ခြင်း
  • ကော်ဖီ သောက်တာများခြင်း
  • ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေ စားသုံးခြင်း (အခွံမာအသီး၊ အာလူးကြော် စသဖြင့်)

ဗိုက်ပြန် ပိန်အောင်ဘာတွေ လုပ်ရမလဲ

Only-healthy-go-to-bed-early

  • စောစောစီးစီး အိပ်ပါ

စိတ်ဖိစီးမှုများပြီး မအိပ်တာတို့ စောစောမအိပ်တာတို့ဆိုရင် စိတ်ဖိစီးမှုကို လျှော့ပါးစေတဲ့ Leptin ဓာတ်က ထုတ်လုပ်မှုကို လျှော့ကျကာ ဇီဝကမ္မဖြစ်စဉ်တွေကိုလည်း ထိခိုက်စေပါတယ်။

  • အပန်းဖြေပြီးမှ အိပ်ပါ

အသက်ရှူလေ့ကျင့်ခန်း၊ ရေနွေးကန်နဲ့ ရေချိုး ဒါမှမဟုတ် တရားထိုင်တာတို့ စသဖြင့် စိတ်ပင်ပန်းသက်သာပြီး စိတ်တည်ငြိမ်အောင်လုပ်ပြီးမှ အိပ်ပါ။

  • ကော်ဖီသောက်တာ လျှော့ပါ

တစ်နေ့ကို ကော်ဖီ ၂ ခွက်ထက် ပိုမသောက်ပါနဲ့။

  • မဂ္ဂနီဆီယမ်ပါတဲ့ အစားအစာတွေ စားပါ

အစိမ်းရောင်ရင့်ရင့် ဟင်းသီးဟင်းရွက်၊ အခွံမာအသီးတွေနဲ့ ဂျုံကြမ်းတွေကို စားပေးပါ။

နာတာရှည် ခေါင်းကိုက်ဝေဒနာကို သက်သာ ပျောက်ကင်းစေမယ့် သဘာ၀ အစားအစာ

  • လေ့ကျင့်ခန်းကို သက်တောင့်သက်သာနဲ့ပုံမှန်ဆော့ပေးပါ။

မနက်ခင်းလမ်း ကြာကြာလျှောက်တာတို့၊ Gym ဆော့တာတို့ လုပ်ပေးရင် စိတ်ဖိစီးမှုကို ကျစေပါတယ်။ ဒါပေမယ့် အရမ်းပြင်းပြင်းထန်ထန်ဆော့ရင်လည်း စိတ်ဖိစီးမှုကို များစေတဲ့ဓာတ်တွေ ထွက်လာတတ်ပါတယ်။