လက်သည်းခဏခဏကျိုးနေလို့ လက်သည်းရှည်ထားရတာ အဆင်မပြေဘူးဖြစ်စေလား။ အခုဆိုရင် လက်သည်းပုံဖော်တာတွေ အမျိုးမျိုး ခေတ်စားနေတာမို့ ပျိုမေတို့တွေလည်း လက်သည်းရှည်ထားပြီး လက်သည်းနီ ဆိုးချင်ကြတာ မဆန်းပါဘူး။ ဒါ့ကြောင့် လက်သည်းလေးတွေ ကြံ့ခိုင်သန်မာစေမယ့် နည်းလမ်းကို မျှဝေပေးပါမယ်။

ပါဝင်ပစ္စည်း

ကြက်သွန်ဖြူ ၈ မွှာ

သံလွင်ဆီ ခွက်တစ်ဝက်

အုန်းဆီ ခွက် ၄ ပုံ ၁ ပုံ

ပြုလုပ်နည်း

အရင်ဆုံး ကြက်သွန်ဖြူကို အခွံနွှာလိုက်ပြီး ကြိတ် (သို့) ထောင်းလိုက်ပါ။ ပြီးရင် အဖုံးပါတဲ့ ပုလင်းထဲကို ကြက်သွန်ဖြူထည့်လိုက်ပြီး သံလွင်ဆီနဲ့ အုန်းဆီကိုထည့်လိုက်ပါ။ ပြီးရင် အဖုံးပိတ်ပြီး အမှောင်ကျပြီး အေးတဲ့နေရာမှာ ၂ ရက် (သို့) ၃ ရက်ထားပါ။ ပြီးရင် ကြက်သွန်ဖြူကို ထုတ်လိုက်ပါ။

ဘယ်လိုသုံးမလဲ

လက်သည်းကို အရင်ဆုံး သန့်ရှင်းရေးလုပ်လိုက်ပါ။ လက်သည်းနီဆိုးထားရင်လည်း ဖျက်လိုက်ပါ။ ပြီးရင် အဲဒီကြက်သွန်ဖြူအဆီထဲကို လက်သည်းနစ်လိုက်ပါ။ ဒါမှမဟုတ်ရင်လည်း လက်သည်းနီဆိုးတဲ့ brush အသန့်ကို နစ်ပြီး လက်သည်းမှာ လိမ်းပေးနိုင်ပါတယ်။ ပြီးရင် အဲဒီအတိုင်း ညလုံးပေါက်ထားနိုင်သလို ၁ နာရီလောက်ထားပြီးမှ ရေဆေးချနိုင်ပါတယ်။ ညတိုင်းလုပ်ပေးပါ။

ဒါတင်မကသေးပါဘူး အာဟာရဓာတ်မျှတအောင်စားပေးဖို့လိုပါတယ်။ ပရိုတင်းဓာတ်၊ Fatty Acid ၊ Antioxidant ပါတဲ့အစားအစာ များများစားပါ။ ရေများများသောက်ပါ။