နွေရာသီမှာ နေကပူ ဖုန်ကထူနဲ့ လေထုထဲမှာ ဘက်တီးရီးယားပိုးတွေလွှင့်ပါလာလို့ အခန့်မသင့်ဘဲ ယားတာ၊ဓါတ်မတည့်တာမျိုးဖြစ်တာ၊ နှာချေတာမျိုးတွေ ဖြစ်တတ်ပါတယ်။ နှာခေါင်းယားတာ၊ မျက်စိယားတာ၊ လည်ချောင်းယားတာမျိုးတွေ ဖြစ်လေ့ရှိပါတယ်။ ဒါတွေကို တိုက်ထုတ်နိုင်ဖို့ သဘာဝနည်းလမ်းကောင်းတွေကိုမျှဝေပေးချင်ပါတယ်။

images

နှာခေါင်းကိုသန့်ရှင်းရေးလုပ်ပါ

1-Flush-Your-Nose

နှာစေးတာ (သို့) နှာခေါင်းယားတာမျိုးကို တိုက်ထုတ်နိုင်ဖို့ ဆားရည်နဲ့ နှာခေါင်းကိုသန့်ရှင်းရေးလုပ်ပေးပါ။ ဆားစားပွဲတင်ဇွန်း ၁ ဇွန်း ရေ တစ်ခွက်နဲ့ရောပြီး နှာခေါင်းကိုဆေးပေးပါ။

ရေချိုးပါ

5-Take-a-shower

အပြင်မှာလျှောက်သွားပြီးပြန်လာတဲ့အခါ ဘက်တီးရီးယားတွေကို သယ်ဆောင်လာပါတယ်။ ဒါ့ကြောင့် ရေချိုးပေးသင့်ပါတယ်။ အဝတ်အစားတွေကိုလည်း မှန်မှန်လျှော်ဖွတ်ပေးသင့်ပါတယ်။

စိတ်ဖိစီးမှုကို ဖြေဖျောက်ပါ

6-De-stress

ကိုယ်ခံအားစနစ်ကောင်းမွန်မှ ဓါတ်မတည့်တာတွေကို တိုက်ထုတ်နိုင်ပါတယ်။ ဒါ့ကြောင့် အလုပ်လုပ်ပြီးရင်လည်း ကောင်းမွန်စွာအနားယူဖို့လိုပါတယ်။ ရောဂလေ့ကျင့်ခန်းလုပ်တာ၊ အသက်ပြင်းပြင်းရှုတာ၊ လမ်းလျှောက်တာမျိုး တစ်ခုခုကို လုပ်ပေးသင့်ပါတယ်။

ဓါတ်မတည့်မှုကို ဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားပါ

8-Get-Rid-of-the-Allergens

ကြမ်းပြင်ကိုသန့်ရှင်းရေးလုပ်တာ၊ အိမ်တွင်းပရီဘောဂတွေကိုသန့်ရှင်းရေးလုပ်တာ၊ အခန်းဆီးတွေ၊ စားပွဲခင်းတွေ၊ အိပ်ယာခင်းတွေကို သန့်ရှင်းရေးလုပ်ပေးပြီး ဘက်တီးရီးယားတွေကို ဖယ်ရှားပါ။

လေထုကိုသန့်စင်ပါ

9-Clear-the-Air

လေထုညစ်ညမ်းမှုကိုကာကွယ်ဖို့ တံခါးပိတ်ထားရုံနဲ့ လုံလောက်ပြီလို့ ထင်ပါသလား။ ဒါဟာမမှန်ပါဘူး။ လေကောင်ေးလသန့်တွေ ဝင်နိုင်အောင်လုပ်ပေးတာ၊ လေထုကိုသန့်စင်ပေးတာမျိုးလုပ်ပေးသင့်ပါတယ်။

သန့်ရှင်းရေးလုပ်တဲ့ပုံစံကိုပြောင်းလဲပါ

10-Change-the-Way-You-Clean

အန္တရာယ်ရှိတဲ့ ဓါတုပစ္စည်းတွေဟာ ကျန်းမာရေးနဲ့ ပတ်ဝန်းကျင်ကို ထိခိုက်စေပါတယ်။ ဒါ့ကြောင့် သန့်ရှင်းရေးလုပ်တဲ့နေရာမှာသုံးတဲ့ ပစ္စည်းတွေကို သဘာဝပစ္စည်းတွေနဲ့ ပြောင်းပြီးသုံးပေးပါ။

နောက်ထပ်နည်းလမ်းတွေကတော့

သစ်သီးဝလံတွေစားပါ။

သန့်ရှင်းလတ်ဆတ်တဲ့အစားအစာတွေစားပါ။

Reference Link: https://www.topinspired.com/top-10-strategies-to-overcome-your-spring-allergies/2/