နေပူပူမှာ အပြင်လျှောက်သွားတာများလို့ပဲဖြစ်ဖြစ် စိတ်ဖိစီးမှုများလို့ပဲဖြစ်ဖြစ် ထိခိုက်မိလို့ပဲဖြစ်ဖြစ် အခန့်မသင့်ရင် နှာခေါင်းသွေးလျှံတတ်ပါတယ်။ ကလေးမှမှမဟုတ်ဘူး လူကြီးတွေမှာလည်း ဖြစ်တတ်တာပါ။

apply-pressure-to-stop-nose-bleedingnose-bleeding-e1432066689299

အခုဖော်ပြမဲ့ နည်းလမ်းကို အလုပ်ခင်မှာ နှာခေါင်းကို ညှစ်ထားပြီး ခေါင်းကို အရှေ့ဖက်ငိုက် ထားပေးပါ။ မော့ထားရင် လည်ချောင်းထဲမှာ သွေးတွေ စီးသွားနိုင်ပါတယ်။ အဲဒီလိုလုပ်ပေးတာဟာ သွေးကြောမျှင်လေးထဲမှရှိတဲ့ သွေးခဲတွေကို ဖယ်ရှားနိုင်မှာဖြစ်ပါတယ်။

92e34511c701394225f328a17c52b585

ပြီးရင် ပြန်မတ်ပါ။ ၅ မိနစ်တစ်ခါ လုပ်ပေးပါ။ပြီးရင် အခုဖော်ပြမဲ့ သဘာဝနည်းလမ်းတွေကိုလုပ်ပေးပါ။

ကြက်သွန်နီ

Onion

ကြက်သွန်နီက နှာခေါင်းသွေးယိုတာကို အမြန်ဆုံးသက်သာပျောက်ကင်းစေပါတယ်။

ကြက်သွန်နီကို ထူထူလှီးလိုက်ပါ။ ပြီးရင် အဲဒီအငွေ့ကိုရှုလိုက်ပါ။ နှာခေါင်းသွေးလျှံတာ ချက်ချင်းရပ်သွားပါလိမ့်မယ်။ နှာခေါင်းအောက်မှာ ထားပေးလို့လည်းရပါတယ်။ ကြက်သွန်နီကို အရည်ညှစ်ပြီး ၂ စက် ၃ စက်လောက် ညှစ်ထည့်လို့ရပါတယ်။

သံပုယိုသီး

Lemon squeezer3fe8bb40d6e5041e15be4a77f5d5f517

သံပုယိုသီးကလည်း အရေပြားဆိုင်ရာ ပြဿနာတွေ ဆံကေသာ ပြဿနာတွေအတွက် အသုံးဝင်တဲ့ အသီးတစ်မျိုးအဖြစ် လူသိများပါတယ်။

ပြုလုပ်နည်း

သံပုယိုသီးကို အရည်ညှစ်လိုက်ပါ။ ပြီးရင် အစက်ချတဲ့ဘူးထဲ အဲဒီအရည်ထည့်ပြီး နှာခေါင်းတစ်ဖက်တစ်ချက်ဆီကို အနည်းငယ်ညှစ်ထည့်ပါ။