သင့်ရဲ့ တစ်နေ့တာလုံးကို ကျန်းကျန်းမာမာနဲ့ အားအင်အပြည့် စတင်နိုင်ဖို့ နည်းလမ်းကောင်းကိုမျှဝေပေးချင်ပါတယ်။

မီးဖိုချောင်မှာလည်း အလွယ်တကူ ရှိနိုင်ပြီး ပြုလုပ်ရတာလည်းလွယ်ကူတဲ့ ဆေးနည်းတစ်မျိုးပါ။

သံပုယိုသီး၊ ကြက်သွန်ဖြူနဲ့ ပျားရည်ကို တွဲပြီးစားကြည့်ဖူးပါသလား။ အရသာဘယ်လိုဖြစ်နေမလဲဆိုတာကို မဟုတ်ဘဲ အဲဒီလိုစားပေးခြင်းဖြင့် ကျန်းမာရေးအကျိုးကျေးဇူးများစွာရှိနေပါတယ်။

အကျိုးကျေးဇူးများ

ကိုယ်ခံအားစနစ်ကိုမြင့်တင်ပေးနိုင်ပြီး သွေးလည်ပတ်မှုကို ကောင်းမွန်စေပါတယ်။ ဘက်တီးရီးယားတွေကိုသေစေနိုင်တဲ့ ဂုဏ်သတ္တိလည်းပါဝင်ပါတယ်။

မကောင်းတဲ့ ကိုလက်စထရောကိ ုလျှော့ချပေးတာမို့ သင့်ကျန်းမာရေးအတွက် အထူးကောင်းမွန်ပါတယ်။

အဆုတ်ကိုလည်း ကျန်းမာစေပြီး ချောင်းဆိုးခြင်းကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။

ပါဝင်ပစ္စည်း

ပျားရည် (၁) ခွက်

ကြက်သွန်ဖြူ ၁၀ မွှာ

သံပုယိုသီး တစ်ခြမ်း

အလုံပိတ်လို့ရတဲ့ ဘူးတစ်ဘူး

ပြင်ဆင်ခြင်း

အရင်ဆုံး ကြက်သွန်ဖြူကို အခွံနွှာပြီး တောက်တောက်စဉ်းလိုက်ပါ။ အမွှာလိုက်စားတတ်ရင်လည်း တောက်တောက်မစဉ်းဘဲ ထည့်ပေးနိုင်ပါတယ်။ ပြီးရင် ဘူးထဲကို ပျားရည်အရင်လောင်းထည့်ပြီး ကြက်သွန်ဖြူထည့်ပါ။

ပြီးရင်တော့ သံပုယိုသီးကို အခွံနွှာလိုက်ပြီး အဲဒီအခွံကို တောက်တောက်စဉ်းကာ ထပ်ထည့်ပေးလိုက်ပါ။

ဘူးကိုအလုံပိတ်ပြီးအေးပြီး မှောင်တဲ့နေရာမှာ ၃ ရက်လော်ကထားထားပါ။

အဲဒီနောက်သောက်လို့ရပါပြီ။

ဘယ်လိုသောက်မလဲ

မနက်စာမစားခင် လက်ဖက်ရည်ဇွန်း ၁ ဇွန်းသောက်ပေးပါ။

မနက်စာမစားခင် သံပုယိုသီး၊ ကြက်သွန်ဖြူ၊ ပျားရည်ရောထားတာကို လက်ဖက်ရည်ဇါန်း ၁ ဇွန်းလောက်ခပ်ပေးကာ ရေနွေးတစ်ခွက်နဲ့ ရောဖျော်ပြီးလည်း သောက်လို့ရပါတယ်။

တစ်ပတ်လောက်ဆက်တိုက်သောက်ပေးပါ။ ကျန်းမာရေးအတွက် သိသိသာသာ ကောင်းမွန်လာတာတွေ့ရမှာဖြစ်ပါတယ်။