ကိုယ်အလေးချိန်လျှော့ချရမှာ အဓိကအရေးကြီးတာကတော့ ကယ်လိုရီပါဝင်တဲ့ အစားအစာ စားသုံးမှုကို လျှော့ချပေးဖို့ပါပဲ။ ကိုယ်ကာယလေ့ကျင့်ခန်းကိုလည်း လုပ်ပြီး ကျန်းမာတဲ့ အဟာရဓါတ်တွေပါဝင်တဲ့ အစားအစာကို စားသုံးပေးဖို့လိုပါတယ်။ အကောင်းဆုံး ကိုယ်အလေးချိန်လျှော့ချနည်းတစ်ခုကလည်း အိပ်ယာမဝင်ခင်မှာ သောက်သုံးပေးရမယ့် ဖျော်ရည်ပါပဲ။

သံပုယိုသီး

Lemon

သံပုယိုသီးဟာခန္တာကိုယ်အတွင်းက အဆီတွေကို လောင်ကျွမ်းစေဖို့ တကယ်ကို အသုံးဝင်တဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။ ဒါ့အပြင် အသည်းကို သန့်စင်စေပြီး အစာချေစနစ်ကို ကောင်းမွန်စေပါတယ်။

သခွားသီး

cucumber

သခွားသီးမှာ ဗီတာမင်နဲ့ သတ္တုဓါတ်တွေကြွယ်ဝစွာပါဝင်တာကြောင့် ဇီဝဖြစ်စဉ်ကို တိုးတက်စေပါတယ်။

နံနံပင် နဲ့ ပင်စိမ်းရွက်

basil-leaves-2

အဲဒီအရွက်နှစ်မျိုးဟာ ဝမ်းဗိုက်က အဆီတွေကို ချေဖျက်ရာမှာ တကယ်ကိုကောင်းမွန်ပြီး ကိုယ်အလေးချိန်ကို ကျန်းမာရေးနဲ့ညီညွတ်စွာ ထိန်းသိမ်းနိုင်ပါတယ်။

ဂျင်း

65f47aea0bd2c273dc6c4d23901c06eac5d672ec

ဂျင်းမှာလည်း အဟာရဓါတ်တွေကြွယ်ဝစွာပါဝင်ပြီး ကျန်းမာရေးနဲ့အညီကိုယ်အလေးချိန်လျှော့ချရာမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုကြပါတယ်။

ပါဝင်ပစ္စည်း

1643-article_item

သံပုယိုသီး ၁ လုံး

Cucumber and slices isolated over white background.

သခွားသီး တစ်ဝက်

ginger

ဂျင်း အနည်းငယ် (အတုံးသေး ၁ တုံး)

parsley

နံနံပင် ၁/၂ စည်း

segelas-air-putih

ရေ ၁ ခွက်

basil-leaves-2

ပင်စိမ်းရွက် ၃ ရွက် (သို့) ၄ ရွက်

ပြင်ဆင်ခြင်း

ပါဝင်ပစ္စည်းအားလုံးကို ဖျော်စက်ထဲထည့်ပြီး မွှေလိုက်ပါ။ ၃ ရက်စာအတွက် ပြင်ဆင်ထားပြီး ညအိပ်ယာမဝင်တိုင်း သောက်ပေးပါ။

၆ နာရီနောက်ပိုင်း တခြားအစားအစာတွေ ဘာမှမစားတော့ပါနဲ့။ တကယ်ကို ဗိုက်အရမ်းဆာလာတယ်ဆိုရင်တော့ ပန်းသီး (သို့) စပျစ်သီးကို စားသုံးနိုင်ပါတယ်။

ဒီဖျော်ရည်ကိုလည်း အိပ်ယာမဝင်ခင်သောက်ပေးပြီး အခုပြောတဲ့နည်းလမ်းကိုလိုက်နာရင် ရက်အနည်းငယ်အတွင်းမှာ ဝမ်းဗိုက်ကအဆီတွေ လျှော့ကျသွားတာကို လက်တွေ့ မြင်ရမှာဖြစ်ပါတယ်။