အသုပ်စားတဲ့အခါပဲဖြစ်ဖြစ် တစ်ခုခုစားတဲ့အခါပဲဖြစ်ဖြစ် ချဉ်ချဉ်စပ်စပ်လေးနော်။ စပ်စပ်လေးလုပ်ပေး စသဖြင့်မှာတတ်လား။ ပူပူစပ်စပ်ဆို အရမ်းကြိုက်တဲ့သူတွေ စာဖတ်သူတွေထဲမှာ ရှိမယ်ထင်ပါတယ်။

ရှူးရှူးရှဲရှဲ ပူပူစပ်စပ် အစားအစာတွေကို ကြိုက်နှစ်သက်သူတွေ အတွက်တော့ သတင်းကောင်းတစ်ခုပါပဲ။ အစားအစာတွေမှာ ငရုတ်သီး ထည့်ချက်ပေးတာ ပူပူစပ်စပ် အစားအစာတွေက နှလုံးရောဂါကို တိုက်ဖျက်ပေးနိုင်စွမ်းရှိပါတယ်။ နှလုံးရောဂါဟာ အနောက်တိုင်းမှာ လူသေးဆုံးမှု အများဆုံးဖြစ်ရတဲ့ ရောဂါတွေထဲက တစ်မျိုးဖြစ်ပါတယ်။

Source; Eyveryday Health

ပူပူစပ်စပ် အစားအစာတွေဟာ မကောင်းတဲ့ ကိုလက်စထရော တွေကို လျှော့ကျစေပါတယ်။

တခြားအကျိုးကျေးဇူးတွေလည်း ရှိပါသေးတယ်

ကိုယ်အလေးချိန်ကို လျှော့ကျစေတယ်။

အူတွေကို သန့်စင်ပေးနိုင်တယ်။

_main2_cook_2

ဆီးချိုဖြစ်ပွားမှုကို လျော့နည်းစေတယ်။

Antioxidant နဲ့ ရောင်ရမ်းမှုကို သက်သာစေတဲ့ ဂုဏ်သတ္တိတွေပါဝင်တယ်။

ကိုယ်ခံအားစနစ်ကို မြင့်တင်ပေးနိုင်တယ်။

သွေးဖိအားကျစေတယ်။

ကင်ဆာဖြစ်ပွားမှု လျော့နည်းစေတယ်။

အဆုတ်ရဲ့ လုပ်ဆောင်မှုကို အားကောင်းစေတယ်။

နှလုံးရောဂါဖြစ်ပွားမှု နည်းစေတယ်။

အသက်ရှည်စေတယ်။

Source: AZvision

တစ်ခုခုမှာစားတဲ့အခါ စပ်စပ်လေးလို့သာ မှာလိုက်ပါ။