နနွင်းမှုန့်ကို ဟင်းတွေချက်ရာမှာ ထည့်ချက်စားလေ့ရှိပါသလာ။ ကျန်းမာရေးနဲ့ညီညွှတ်တဲ့အစားအစာတွေ ချက်ပြုတ်ပေးဖို့နဲ့ တစ်အိမ်သားလုံးရဲ့ ကျန်းမာရေးကို တာဝန်ယူနေကြတဲ့ မိခင်တို့ရေ နနွင်းမှုန့်ကို ဟင်းလျာတွေမှာ ထည့်ချက်တာမျိုး ဆေးဖြစ်ဝါးဖြစ်အသုံးပြုတာမျိုးက အိမ်သားတွေကို နှလုံးရောဂါကနေ ကင်းဝေးစေနိုင်မှာပါ။ လေ့လာတွေ့ရှိမှုသစ်အရ နနွင်းဟာ နှလုံးရောဂါဖြစ်ပွားမှုအန္တရာယ်ကို လျှော့ချပေးနိုင်တယ်လို့ဆိုပါတယ်။

လေ့လာတွေ့ရှိမှုအရ နနွင်းဟာ ဦးနှောက်ကိုကာကွယ်ပေးသလို ကင်ဆာကို တိုက်ဖျက်ပေးနိုင်ပါတယ်။ နှလုံးအတွက်လည်း များစွာအကျိုးကျေးဇူးရှိနေတယ်လို့ဆိုပါတယ်။

အဲဒီလေ့လာတွေ့ရှိမှုကို American Journal of Cardiology ကနေ ဖော်ပြပေးခဲ့တာပါ။ နနွင်းကို ပုံမှန်စားပေးရင် နှလုံးရောဂါဖြစ်ပွားမှုကို ၅၆% ထိလျှော့ချပေးနိုင်တယ်လို့ လေ့လာတွေ့ရှိမှုမှာ ဖော်ပြထားပါတယ်။

နှလုံးကျန်းမာရေးကို တိုးတက်စေခြင်း

turmeric_625x350_71450855091

၂၀၁၂ ခုနှစ်က အဟာရသုတေသနဂျာနယ်တစ်ခုမှာ (Nutrition Research Journal) ဖော်ပြထားတဲ့ လေ့လာတွေ့ရှိမှုအရ နနွင်းဟာ နှလုံးသွေးကြောကျန်းမာရေးကို အေရိုးဗစ်လေ့ကျင့်ခန်းလုပ်သလိုပဲ တိုးတက်စေတယ်လို့ဆိုပါတယ်။

သွေးဆုံးပြီးသား အမျိုးသမီး ၃၂ ဦးကို ၈ ပတ်ကြာ လေ့လာမှုပြုလုပ်ခဲ့ပြီး အဲဒီလေ့လာတွေ့ရှိမှုကို ထုတ်ပြန်ပေးလိုက်တာဖြစ်ပါတယ်။

ဘယ်လိုစားမလဲ

နနွင်းကို နှလုံးကျန်းမာရေးအတွက် တစ်နေ့ ၁၅၀ မီလီဂရမ်စားပေးသင့်တယ်လို့ လေ့လာသူတွေက အကြံပြုပါတယ်။ လက်ဖက်ရည်ဇွန်း ၁ ဇွန်းစာကို နေ့တိုင်းစားသုံးနိုင်ပါတယ်။ ကိုယ်စားမယ့်အစားအစာတွေထဲ ထည့်ပြီးစားပေးတာကလည်း သိပ်ကိုကောင်းမွန်သလို နနွင်းကို သံပုရာရည်နဲ့ ဖျော်ပြီးသောက်ပေးရင်လည်း နှလုံးအတွက်ကောင်းမွန်ပါတယ်။

Featured Image Source: Stylecraze