ဇီဝကမ္မဖြစ်စဉ်ဆိုတာက လူတွေ စားသုံးလိုက်တဲ့ အစားအစာတွေကနေတစ်ဆင့် ခန္ဓာကိုယ်အတွက်၊ ဆဲလ်တစ်ခုချင်းစီ၊ ကိုယ်အင်္ဂါတစ်ခုချင်းစီအတွက်လိုအပ်တဲ့ စွမ်းအင်ပြောင်းလဲပေးတဲ့ ဓာတုဗေဒ ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။

သွေးအတွင်း ကလူးကို့စ် အဆင့်ကို ထိန်းညှိပေးပြီး ခန္ဓာကိုယ်အလေးချိန်ကိုလည်းမျှမျှတတဖြစ်အောင် လုပ်ဆောင်ပေးပါတယ်။ နှလုံးနဲ့ တခြား ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်ချက်တွေကိုလည်း အဓိက ထောက်ပံ့ကူညီပေးပါတယ်။

ဒါပေမယ့် ဒီနေ့ခေတ် နေထိုင်စားသောက်ပုံတွေ၊ အရက်သေစာသောက်စားမှုတွေက ဇီဝကမ္မဖြစ်စဉ်ကို နှောင့်နှေးစေပါတယ်။

တဖြည်းဖြည်းနဲ့ ကိုယ်အလေးချိန်တွေတက်လာပြီးနောက်ပိုင်း ကျန်းမာရေးကိုပါထိခိုက်လာပါတယ်။

ဇီဝကမ္မဖြစ်စဉ်တွေ အားကောင်းစေမယ့် ဖျော်ရည်များ

Green Tea

Green Tea မှာ Antioxidants တွေ၊ ဗီတာမင်တွေ၊ သတ္တုဓာတ်တွေ ကြွယ်ဝစွာပါဝင်ပြီး ကယ်လိုရီပါဝင်မှုနည်းကာ ဇီဝကမ္မဖြစ်စဉ်တွေကို အားကောင်းစေပါတယ်။

ကယ်လိုရီတွေကိုပါ လောင်ကျွမ်းစေတာကြောင့် ကိုယ်အလေးချိန်လည်း ထိန်းညှိပြီးသားဖြစ်သွားပါတယ်။

၁လတိတိ နေ့စဉ်သောက်သုံးရင် ခန္ဓာကိုယ်မှာရှိတဲ့ အဆီရဲ့ ၁၉ ရာခိုင်နှုန်းကို လောင်ကျွမ်းနိုင်ပါတယ်။

Grapefruit

Source: Cook for Your Life

Grapefruit တွေ မှာ ကယ်လိုရီ ပါဝင်မှုနည်းပါးပြီး ရေဓာတ်ပါဝင်မှုများကာ ကိုယ်အလေးချိန်ကို လျော့ချပေးနိုင်ပါတယ်။ ဇီဝကမ္မဖြစ်စဉ်တွေကိုလည်း အားကောင်းစေပါတယ်။ သူ့မှာ ခန္ဓာကိုယ်ထဲရှိ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တဲ့ Antioxidants တွေလည်းပါဝင်ပါတယ်။ နှလုံးကျန်းမာရေးကို ကောင်းမွန်စေတဲ့ Phytonutrients ၁၅၀ ကျော်လည်းပါဝင်ပါတယ်။

ပူစီနံ

Source: fineremedies.com

ပူစီနံက ကိုယ်အလေးချိန်ကျဆင်းစေပြီး အဆိပ်အတောက်တွေ ဖယ်ရှားပေးတဲ့ အရွက်ပါ။ အစာခြေစနစ်ကို ကောင်းမွန်စေပြီး အာဟာရတွေ ခန္ဓာကိုယ်က ပိုစုပ်ယူနိုင်အောင် ကူညီပေးတာကြောင့် ဇီဝကမ္မဖြစ်စဉ်ကိုလည်း အားကောင်းစေပါတယ်။

Green Tea, Grapefruit နဲ့ ပူစီနံ ဖျော်ရည်ကို ဘယ်လိုလုပ်မလဲ

ကယ်လိုရီ ပါဝင်မှုနည်းတဲ့ ဒီဖျော်ရည်ဟာ ခန္ဓာကိုယ်မှာရှိတဲ့ အဆီတွေကို လောင်ကျွမ်းစေပြီး ဇီဝကမ္မဖြစ်စဉ်ကိုလည်း အားကောင်းစေပါတယ်။

ပါဝင်ပစ္စည်းများ

  • ရေ ၁လီတာ
  • Green Tea ၅ ထုပ်
  • Grapefruit ၁ လုံး
  • ပူစီနံ ၈ ရွက်
  • ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း

3f17bd35cc0a2d89c3a2c886a5a003ff--nutribullet-recipes-juice-recipes

ပြုလုပ်နည်း

  • ရေကို အပူပေးလိုက်ပါ။ ပွက်ပွက်ဆူလာရင် Green Tea အထုပ်တွေကိုထည့်လိုက်ပါ။
  • အိုးကို မီးဖိုပေါ်က ဖယ်လိုက်ပြီး ၅ မိနစ်ကနေ ၁၀ မိနစ်ကြား အအေးခံလိုက်ပါ။ Grapefruit က အတုံးလေးတွေ တုံးပြီး ထည့်လိုက်ပါ။
  • ပူစီနံရွက်ကို ထည့်ပြီး ၂ နာရီလောက်ထားပါ။
  • ဖြစ်နိုင်ရင် ညဘက်အဲ့ဒီ ဖျော်ရည်ကို စပ်ထားပြီး မနက်မိုးလင်းရင် သောက်ပေးပါ။
  • အချိုကြိုက်ရင် ပျားရည်အနည်းငယ်ထည့်ပေးပါ။ ၂ ပတ်ဆက်တိုက်သောက်ရင် ထူးခြားလာပါလိမ့်မယ်။