ဂျပန်နိုင်ငံက သုတေသနပညာရှင်တွေဟာ ပဲပုပ်စေ့နဲ့ တခြား ပဲအမျိုးမျိုးကို စားပေးတာဟာ ဆေးလိပ်မသောက်တဲ့ သူတွေအတွက် အဆုတ်ကင်ဆာ ဖြစ်ပွားမှုကို လျှော့ချပေးနိုင်ပါတယ်လို့ ၂၀၁၀ ပြည့်နှစ်က ထုတ်ပြန်ခဲ့ပါတယ်။

s1o1y1

ပဲပုပ်စေ့နဲ့ တခြားပဲအမျိုးမျိုးမှာ Isoflavone လို့ခေါ်တဲ့ Antioxidant ဓါတ်တစ်မျိုးပါဝင်ပြီး အဲဒီဓါတ်က ရင်သားကင်ဆာဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ပါတယ်။

ဒါ့အပြင် ၂၀၁၃ ခုနှစ်က အမေရိကန်ပြည်ထောင်စု Nashville မြို့ရှိ Vanderbilt တက္ကသိုလ် ဆေးပညာရပ်ဆိုင်ရာ စင်တာကလည်း ပဲပုပ်နဲ့ ပဲအမျိုးမျိုးစားတဲ့ အမျိုးသမီးတွေဟာ မစားတဲ့သူတွေထက် အဆုတ်ကင်ဆာကို ကုသနိုင်ချေပိုများတယ်လို့ ဖော်ပြခဲ့ပါတယ်။

truth-about-soy-article

အဆုတ်ကင်ဆာမဖြစ်ခင် ပဲပုပ်ကို များများစားထားတဲ့သူတွေဟာ ပိုပြီး အသက်ရှည်ရှည်နေရသလို ရောဂါသက်သာလာတယ်လို့ အဲဒီ သုတေသနမှာ ပါဝင်တဲ့ တွဲဖက်ပါမေက္ခဖြစ်သူတစ်ဦးဖြစ်တဲ့ Gong Yang က ပြောပါတယ်။

အမျိုးသမီးဦးရေ ၇၀၀၀၀ ကျော်ကို အုပ်စု ၃ ခုခွဲခဲ့ပါတယ်။ ပဲပုပ် တစ်နေ့ကို ၄ အောင်စနဲ့ အထက် စားတဲ့အဖွဲ့ရယ်၊ ၂ အောင်စ စားတဲ့အဖွရယ် ၂ အောင်စအောက် စားတဲ့အဖွဲ့ရယ်ဆိုပြီး ခွဲခဲ့တယ်လို့ Yang ကပြောပါတယ်။

ပဲပုပ်များများစားတဲ့ အမျိုးသမီးအဖွဲ့က ရောဂါပိုပြီး သက်သာလာတယ်ဆိုတာ တွေ့ရှိခဲ့ပါတယ်။

ဒါတင်မကသေးပါဘူး။ ပဲပုပ်ကိုစးပေးတာဟာ တခြားကင်ဆာအမျိုးမျိုး ဖြစ်ပွားမှုကို လျှော့ချပေးနိုင်တယ်လို့ ဆိုထားပါတယ်။

ပရိုးတင်းဓါတ်တွေ ပေးနိုင်တဲ့ ပဲပုပ်

1453498620042SEPT13_Soy-feature2

ပဲပုပ်မှာ ပရိုတင်းဓါတ်တွေ အမျှင်ဓါတ်တေ ပိုတက်ဆီယမ် မဂ္ဂနီဆီယမ် နဲ့ တခြားဗီတာမင် ဓါတ်တွေပါဝင်ပါတယ်။ တိုဖူးတို့ ပဲနို့တို့ စတဲ့ ပဲပုပ်ကို အခြေခံပြီး ထုတ်ထားတဲ့ အစားအစာတွေကို စားပေးသင့်ပါတယ်။

သင်နေ့စဉ်စားသုံးနေတဲံ အစားအစာတွေထဲမှာ ပဲပုပ်ကို ထည့်သွင်းစားပေးသင့်ပါတယ်။ ပဲနဲ့လုပ်ထားတဲ့ အစားအစာတွေကိုလည်း စားပေးသင့်ပါတယ်။