[Unicode]
ဆောင်းတွင်းလည်းရောက်လာပြီဆိုတော့ ရာသီအကူးအပြောင်းနဲ့ တချို့က ကိုယ်ခံအားနည်းပြီး အအေးမိ နှာစေး ချောင်းဆိုးခြင်းတွေ ဖြစ်တတ်ပါတယ်။ ရာသီဥတုကအေးလို့ အအေးမိ နှာစေးလွယ်တတ်ကြပါတယ်။
အအေးမိ၊ နှာစေး၊ ချောင်းဆိုးခြင်းတွေက လူတွေကို အနှောင့်အယှက်ဖြစ်စေပါတယ်။ ချေင်းဆိုးရင် ညလည်းအိပ်လို့မရသလို ဘေးလူတွေလည်း အနှောင့်အယှက်ဖြစ်ပါတယ်။ ဒါ့အပြင် အအေးမိနှာစေးရင်လည်း အတူတူပါပဲ။
အခုလို အအေးမိခြင်း၊ နှာစေးခြင်းနဲ့ချောင်းဆိုးခြင်းတွေကို သက်သာစေမယ့် သဘာဝနည်းလမ်းကို မျှဝေပေးချင်ပါတယ်။
ပါဝင်ပစ္စည်း
ရေ (၁) ခွက်
စမုန်ဖြူ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
သံပုယိုရည် စားပွဲတင်ဇွန်း ၂ ဇွန်း
ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း
ပြုလုပ်နည်း
ရေကို အပူချိန်မြင့်မြင့်နဲ့ ပွက်ပွက်ဆူအောင်သည်လိုက်ပါ။ ပွက်ပွက်ဆူလာရင် အပူချိန်ကိုလျှော့ပြီး စမုန်ဖြူထည့်လိုက်ပါ။
စမုန်ဖြူကို ၅ မိနစ်လောက်ထားပြီးရင် မီးဖိုပေါ်ကချလိုက်ပါ။ ၁၀ မိနစ်လောက် အအေးခံထားပြီးနောက် ရေဆစ်လိုက်ပါ။
ပြီးရင်တော့ သံပုယိုရည်နဲ့ ပျားရည်ထည့်ပြီး သောက်လို့ရပါပြီ။
တစ်ရက်ကို ၂ ကြိမ် (သို့) ၃ ကြိမ်သောက်နိုင်ပါတယ်။
ညဖက်အိပ်ရေးဝချင်ရင်တော့ အိပ်ယာမဝင်ခင် တစ်ခွက်သောက်ပေးပါ။
[Zawgyi]
ပါဝင်ပစ္စည်း
ရေ (၁) ခွက်
ပြုလုပ်နည်း
Reference: https://steptohealth.com/soothe-a-cough-cold-thyme-lemon-honey-tea/