သင့်ကို ငယ်ငယ်က လူကြီးသူမတွေက ရေစိမ်ထားတဲ့ ဗန်ဒါသီးစေ့ကို စားခိုင်းတာ ဘာကြောင့်လဲလို့ထင်ပါသလဲ။ ရေစိမ်ထားတဲ့ ဗန်ဒါသီးစေ့မှာ သင်ထားတာထက်ပို အာဟာရတွေအများကြီးပါဝင်ပါတယ်။ သူ့မှာ အရေးကြီးတဲ့ ဗီတာမင်နှင့် သတ္တုဓာတ်တွေ အများကြီး ပါဝင်ပါတယ်။

ဘာကြောင့် ဗန်ဒါစေ့တွေကို ရေစိမ်ခိုင်းတာလဲ

ခြောက်သွေ့နေတဲ့ ဗန်ဒါ အစေ့မှာ အပင်ပေါက်ဖို့အတွက် အစိုပြန်မှုများမှ ကာကွယ်ထားတဲ့ အင်ဇိုင်းများရှိနေပါတယ်။ ဗန်ဒါစေ့ကို ရေထဲမှာ စိမ်လိုက်ရင်တော့ အဲ့ဒီ အင်ဇိုင်းများ မရှိတော့ပါဘူး။

ရေစိမ်ထားတဲ့ ဗန်ဒါစေ့များက အစာခြေရတာ ပိုပြီး လွယ်ကူစေပြီး အစာခြေစနစ်ကို အားကောင်းစေတဲ့ အဟာရဓာတ်တွေလည်း အများကြီးပါဝင်ပါတယ်။ တစ်ညလောက် ရေစိမ်ထားတဲ့ ဗန်ဒါစေ့များက တခြား ခြောက်သွေ့နေတဲ့ ဗန်ဒါစေ့များထက်ပိုပြီး အာဟာရဓာတ်ပိုများပြီး လွယ်ကူစွာ အစာခြေနိုင်ပါတယ်။

ကင်ဆာကို ကာကွယ်ပေး

သကြားဓာတ်က ကင်ဆာဆဲလ်တွေကို ကြီးထွားစေနိုင်

ဗန်ဒါစေ့များက အူမကြီးအတွင်း အစာလှုပ်ရှားမှုကို ကူညီပေးကာ အူမကြီးထဲမှာ အစာစုပုံ ပိတ်ဆို့ခြင်းကိုလည်း လျော့ချပေးတာကြေင့် အူမကြီး ကင်ဆာ ဖြစ်မှုကို ကာကွယ်ပေးပါတယ်။

သကြားဓာတ်ကို မြှင့်တင်ပေး

တစ်နေ့ကို ဗန်ဒါစေ့ လက်တစ်စုပ်စာ စားပေးရင် ခန္ဓာကိုယ်မှာရှိတဲ့ စွမ်းအင်တွေကို မြှင့်တင်ပေးပါတယ်။ သူတို့က Manganese၊ ကော့ပါး နဲ့ Riboflavin ဓာတ်တွေပါဝင်တာကြောင့် စွမ်းအင်ထုတ်လုပ်မှုနှင့် ဇီဝကမ္မဖြစ်စဉ်တွေကို အားကောင်းစေပါတယ်။

နှလုံးရောဂါ ကာကွယ်ပေး

ဗန်ဒါစေ့များမှာ Mono-unsaturated Fats၊ ပရိုတင်းနှင့် ပိုတက်စီယမ်တို့ ပါဝင်တာကြောင့် နှလုံးရောဂါကို ကာကွယ်ပေးပါတယ်။ သူ့မှာ ဗီတာမင် အီးပါဝင်တာကြောင့် နှလုံးရောဂါဖြစ်ပွားမှုကို လျော့ချစေပြီး Magnesium လည်းပါဝင်တာကြောင့် နှလုံးရုတ်တရပ် ရပ်တန့်မှုကို ကာကွယ်ပေးပါတယ်။

ဦးနှောက်အတွက်ကောင်း

ဦးနှောက် ကျန်းမာရေးကို အားကောင်းစေမယ့် အဟာရတွေ ကြွယ်ဝစွာပါဝင်ပါတယ်။ Riboflavin နဲ့ L-Carnitine တို့လို ဦးနှောက်ကို အားကောင်းစေတယ့် အဟာရများ ကြွယ်ဝစွာပါဝင်ပြီး ဦးနှောက် စွမ်းဆောင်မှုကို တိုးတက်စေကာ အယ်ဇိုင်းမာ ရောဂါဖြစ်ပွားနိုင်ချေကိုလည်း လျော့ချပေးပါတယ်။

ဗန်ဒါစေ့များကလည်း သွေးအတွင်း ကိုလက်စထရောကိုလည်း လျော့ချပေးပါတယ်။ ဗီတာမင် E နဲ့ ကယ်ဆီယမ် ဓာတ်များကလည်း ကော်လက်စထရောဓာတ်ကို ထိန်းညှိပေးပါတယ်။

အရိုးတွေကို ကျန်းမာ သန်စွမ်းစေ

သူ့မှာ ဗီတာမင်တွေ၊ သတ္တုဓာတ်တွေ၊ Phosphorous ဓာတ်တွေပါဝင်တာကြောင့် အရိုးကျန်းမာရေးကို အားကောင်းစေပါတယ်။ Phosphorous ဓာတ်တွေက အရိုးနှင့် သွားတွေကို ခိုင်မာ စေပြီး အရိုးပွခြင်းမှလည်း ကာကွယ်ပေးပါတယ်။