၀က်ခြံဟာ ကျွနု်ပ်တို့ အတွက်တော့ မမျှော်လင့်ထားတဲ့ ဧည့်သည်ပါ။ တစ်ခါတရံ မထင်မှတ်ဘဲ ရောက်လာတတ်ပြီး အကြောင်းအရင်းမသိ ဖြစ်တတ်ပါတယ်။ ၀က်ခြံရဲ့ အဆိုးဆုံးကတော့ ပွဲလမ်း သဘင်တွေ သွားရတော့မယ်ဆိုတဲ့အ ချိန်မျိုး၊ Date လုပ်ထားတဲ့ အချိန်မျိုးတွေဆိုရင် ၀က်ခြံက ရုတ်တရက်ကြီး ထွက်လာတတ်ပါတယ်။ ၀က်ခြံဟာ မျက်နှာမှာတင် ထွက်တတ်တဲ့ အရာမဟုတ်ဘဲ ကိုယ်အနှံ့ ပေါက်တတ်ပါတယ်။ အများအားဖြင့်တော့ မျက်နှာမှာ ထွက်တာများပါတယ်။

၀က်ခြံကို သဘာဝ Face Mask တွေ သုံးပြီး ရှောင်ရှားကြသလို အသီးအနှံတွေကို စားသုံးပြီးတော့လည်း ကာကွယ်ကြပါတယ်။ ၀က်ခြံမဖြစ်အောင် စားသုံးသင့်တဲ့ အသီးအနှံ ၅မျိုး ရှိပါတယ်။

ပန်းသီး

ပန်းသီးဟာ လူတိုင်း စားသုံးနေကြတဲ့ အသီးအနှံ ဖြစ်ပြီး ဗီတာမင် စီ၊ ဗီတာမင်အီးနဲ့ ဗီတာမင်အေတို့ ကြွယ်ဝစွာ ပါ၀င်ပြီး ကျန်းမာစေနိုင်တဲ့ အသီးပါဖြစ်ပါတယ်။ အသားအရေကို ကျန်းမာစေတဲ့ အပြင် Pectin ဟာ ကျန်းမာစေတဲ့ အဓိက သော့ချက်ဖြစ်ပါတယ်။ အသားအရေကို ကျန်းမာစေမယ့် ဓာတ်ပြည့်ဝတာကြောင့် ၀က်ခြံဖြစ်ပွားစေမှုကို ကာကွယ်ပေးနိုင်ပါတယ်။

ငှက်ပျောသီး

ငှက်ပျောသီးဟာ ကျန်းမာရေးအတွက် အားရှိတဲ့ အစားအစာလို့ လူတိုင်းသိကြမှာပါ။ ကောင်းမွန်တဲ့ ပိုးမွှားတွေကို ပေးစွမ်းနိုင်ပြီး ၀က်ခြံအတွက် ကူညီပြီး တိုက်ခိုက်ပေးပါလိမ့်မယ်။ ငှက်ပျော်သီးကို စားပြီးရုံတင်မက Face Mask အဖြစ်လည်း သုံးနိုင်ခဲ့ပါတယ်။

သင်္ဘောသီး

ဗီတာမင်အေ ကြွယ်ဝတဲ့ အသီးဖြစ်တာကြောင့် အသားအရေအတွက် ကောင်းမွန်တဲ့ အသီးအနှံ ဖြစ်ပါတယ်။ ဗီတာမင်စီလည်း ပါ၀င်တဲ့အတွက် နေလောင်နဲ့ အမည်းကွက်တွေကို သက်သာစေပါတယ်။

လီမွန်

လီမွန်ဟာ အင်တီအောက်ဆီးဒင့် ကြွယ်ဝတဲ့ အသီးဖြစ်ပြီး ဗီတာမင်စီလည်း ပါ၀င်တဲ့ အသီးဆိုတာ သိကြမှာပါ။ သံပုရာသီး/သံပုယိုသီး အရည်ကို ရေနဲ့ရောပြီး မျက်နှာကို ရောသစ်ပေးပါ။ သေနေတဲမျ်ကနှာပြင်က ဆဲလ်အသေတွေကို ဖယ်ရှားပေးပြီး ဆဲလ်အသစ်တွေ ပြန်လည် ပေါက်ဖွားဖို့ ကူညီပေးပါတယ်။ အသားအရေအတွက်လိုအပ်တဲ့ ဗီတာမင်စီကို ပေးနိုင်တာကြောင့် ၀က်ခြံကို ထိရောက်စွာ ကာကွယ်ကုသပေးနိုင်ပါတယ်။

ထောပတ်သီး

ထောပတ်သီးဟာ ဗီတာမင်အီး ပါ၀င်မှုမြင့်မားပြီး ကျန်းမာစေနိုင်တဲ့ စူပါအစားအစာ တစ်မျိုးပါ။ ဗီတာမင်အီးနဲ့ အင်တီအောက်ဆီးဒင့်တွေ ပါ၀င်တဲ့ အတွက် အသားအရေအတွက် ကောင်းမွန်တဲ့ ဓာတ်တွေ ပေးစွမ်းနိုင်ပါတယ်။ အစိုဓာတ်ကို ထိန်းထားပေးပြီး ကျန်းမာတဲ့ အသားအရေ ဖြစ်စေတာမို့ ၀က်ခြံတွေကိုလည်းကာကွယ်ပေးနိုင်ပါတယ်။

Source: zeenews