သဘာဝနည်းနဲ့စိုက်ထားတဲ့ ဓာတုဆေးဝါးမသုံးဘဲ စိုက်ထားတဲ့ ဟင်းသီးဟင်းရွက်၊ အသီးအနှံတွေက မရှိသလောက်ရှားပါတယ်။

ဓာတုဆေးဝါးတွေသုံးတဲ့ အသီးအနှံ၊ အရွက်တွေကို စားတာများရင်လည်း ကင်ဆာတွေနဲ့တခြား ကျန်းမာရေး ဆိုးကျိုးတွေ ဖြစ်တတ်ပါတယ်။

ဒါကြောင့် အသီးအရွက်တွေမှာရှိတဲ့ ဓာတုဆေးဝါးတွေ ပိုးသတ်ဆေးတွေကို အလွယ်တကူ ဖယ်ရှားနိုင်တဲ့ နည်းလမ်းများကို ဝေမျှချင်ပါတယ်။

Natural-Cleansing-Spray-e1452981304600

သဘာ၀ သန့်စင်ဆေးရည်

သံပုရာရည် လက်ဖက်ရည်ဇွန်း ၁ဇွန်း နဲ့ Baking Soda လက်ဖက်ရည်ဇွန်း ၂ဇွန်းတို့ကိုရောပြီး ရေဖြန်းလို့ရတဲ့ ဗူး (Spray ဗူး)ထဲထည့်ပါ။ အသီးအရွက်တွေကို မစားခင်မှာအဲ့ဒီ Spray ဗူးလေးနဲ့ဖြန်းပေးရင် အသီးအရွက်တွေကို မထိခိုက်ဘဲ ပိုးသတ်ဆေး၊ဓာတုဆေးဝါးတွေကို သန့်စင်စေမှာဖြစ်ပါတယ်။

Remove-Peels-e1452981335658

အခွံခွာပါ

အသီးအနှံတွေဆိုရင် အခွံခွာလိုက်တာနဲ့ ဓာတုဆေးဝါးတွေတော်တော်များများ သန့်စင်ပြီးသားဖြစ်သွားပါတယ်။

အခွံခွာပြီးရင် ရေနွေးပူပူနဲ့ဆေးလိုက်ပါ။

Vinegar-Solution-e1452981365913

ရှာလကာရည်

ပိုပြီး စင်အောင် ဆေးချင်ရင်တော့ ရှာလကာရည်ကအကောင်းဆုံးပါဘဲ။ ရှာလကာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းကို ရေနွေးပူပူထည့်ထားတဲ့ခွက်ထဲ ထည့်လိုက်ပါ။ အဲ့ဒီခွက်ထဲမှာ အသီးအရွက်တွေကို ၁ မိနစ်လောက်စိမ်လိုက်ပါ။ ပြီးရင် ရေဆေးလိုက်ပါ။ ဒါဆိုရင် ချက်ပြုတ်စားသောက်လို့ရပါပြီ။

Salt-Water-e1452981386841

ဆားရည်

ဆားရည်နဲ့လည်း ဓာတုဆေးဝါးတွေ ပြောင်အောင် ဆေးလို့ရပါတယ်။ ပန်းကန်လုံးရဲ့ တစ်ဝက်ကို ရေထည့်ပြီး ဆားလက်ဖက်ရည်ဇွန်း၁ဇွန်းထည့်ကာ မွှေပါ။ မချက်ပြုတ်ခင် ဟင်းသီးဟင်းရွက်တွေကိုအဲ့အထဲမှာ ခဏလောက်စိမ်ထားပါ။ ပြီးရင်ရေဆေးပြီးနောက် ဓာတုဆေးဝါးတွေ ကင်းစင်သွားတာကြောင့် ချက်ပြုတ်စားလို့ရပါပြီ။