လည်ပင်းနာတာ အများအားဖြင့် အအေးမိတာကြောင့် ဖြစ်တတ်ပါတယ်။ ဗိုင်းရက်စ်တွေ ဘက်တီးရီးယားတွေကြောင့်သာမက နှာခေါင်းထဲ ပိုးဝင်၊ အလက်ဂျစ်၊ ဆေးလိပ်၊ လေထုညစ်ညမ်းမှုနဲ့ ခြောက်သွေ့တဲ့လေတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ လည်ပင်းနာရင် တစ်ခုခုမျိုချဖို့ မပြောနဲ့ ရေသောက်ရင်တောင် နာသလို၊ စကားတောင် ပြောလို့မရပါဘူး။ ဒါကြောင့် လည်ပင်းနာတာသက်သာစေမယ့် သဘာ၀ နည်းလမ်းတွေကို မိတ်ဆက်ပေးပါရစေ။

ဆားရည်

salt-water_thumb[5]

ခွက်တစ်ခွက်ထဲကို ဆား စားပွဲတင်ဇွန်း ၁ ဇွန်းလောက်ထည့်ပြီး ရေနွေးနွေးလေးထည့်ပါ။ အဲ့ဒီ ဆားရည်ကို မြိုမချဘဲ လည်ပင်းနားအထိ ရောက်အောင် ပလုတ်ကျင်းပြီး ထွေးထုတ်လိုက်ပါ။ တစ်နေ့ကို ၃၊၄ ခါလောက် လုပ်ပေးရင် လည်ပင်းနာတာ သက်သာပါလိမ့်မယ်။

စပျစ်ခြောက်

Source: FirstCry Parenting

လည်ပင်းနာနေရင် စပျစ်ခြောက်ကို မကြာခဏ စားပေးပါ။

ပင်စိမ်းရွက်၊ ဂျင်း၊ လက်ဖက်ခြောက်မှုန့်

တောက်တောက်ဆင်းထားတဲ့ ဂျင်း လက်ဖက်ရည်ဇွန်း တစ်ဝက်၊ လက်ဖက်ခြောက်မှုန့် လက်ဘက်ရည်ဇွန်း တစ်ဝက်၊ ပင်စိမ်းရွက် ၂ ရွက်ကနေ ၃ ရွက်ကို ရေနွေးပွက်ပွက်ဆူထဲမှာ ၅ မိနစ်လောက်ထားလိုက်ပါ။ ပြီးရင် အအေးခံပြီး သောက်လိုက်ရင် လည်ပင်းထဲကနေ ခံရခက်နေတဲ့ နာကျင်မှုတွေကို သက်သာပျောက်ကင်းစေသွားမှာပါ။

ပင်စိမ်းရွက်၊ ပျားရည်

ပင်စိမ်းရွက် အနည်းငယ်ကို ရေတစ်ခွက်နဲ့ ပွက်ပွက်ဆူအောင် ကျိုပြီး နောက် အိုးပေါ်ကချလိုက်ပါ။ အဲဒီနောက် ပင်စိမ်းရွက် ကျိုထားတဲ့ အရည်ထဲကို ပျားရည် ၂ စက်၊ ၃ စက်လောက်ထည့်ပြီး သောက်သုံးလို့ရပါတယ်။

သံပုရာသီး၊ ပျားရည်

သံပုရာသီး အရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာကို ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းနဲ့ ရောပြီး ရေနွေးပူပူ တစ်ခွက် ထဲမှာ ရောပါ။ ပြီးရင် မနက်စာမစားခင်နေ့တိုင်းသောက်ပါ။