သကြားတွေ အချိုတွေစားတာဟာ သင့်ကို ဝစေတယ်ဆိုတာ လူတိုင်းသိကြပါတယ်။ သကြားရှောင်လိုက်ရင် သင့်အသားအရေဟာ သိသိသာသာ ကြည်လင်လာတာကို တွေ့ရမှာပါ။ ဒါပေမယ့် လူတိုင်းအတွက် အချိုရှောင်တာဟာ လွယ်ကူတဲ့ အလုပ်တစ်ခုတော့မဟုတ်ပါဘူး။

ဒါ့ကြောင့် ဒီနည်းလမ်းကောင်း ၆ မျိုးကို ၁၀ ရက်လောက် လေ့ကျင့်လိုက်ပြီးသကြားတွေ အချိုတွေကိုရှောင်လိုက်ရအောင်။

၁။ ကယ်လိုရီပါတဲ့ အချိုရည်တွေမသောက်ပါနဲ့

အသင့်လုပ်ထားတဲ့ အချိုရည်ဘူးတွေမှာ သကြားတွေ၊ ဆော်ဒါတွေ အများကြီးပါဝင်တာမို့ သင့်ကို ပိုပြီး ဝစေသလို အသားအရအတွက်လည်း မကောင်းပါဘူး။ ဒါ့ကြောင့် အဲဒီအချိုရည်တွေအစား ရေသောက်ပေးပါ။

၂။ ပရိုတင်းဓာတ်နဲ့ အသီးအရွက်များများစားပါ

ပရိုတင်းဓာတ်ဟာ သွေးတွင်း သကြားဓာတ်ကို မမြင့်စေပါဘူး။ ငါး၊ ကြက်ဥ၊ ကြက်သား၊ ထောပတ်သီး စတာတွေအပြင် အသီးအရွက်တွေကို ပုံမှန်စားပေးရင် သွေးတွင်း သကြားဓာတ်ပါဝင်မှုကိုလည်း ထိန်းထားနိုင်ပါတယ်။ ဒါ့ကြောင့် လတ်ဆတ်တဲ့ အသားတွေ အသီးအရွက်တွေကို စားဖို့မမေ့ပါနဲပ။

၃။ အဆီစားပါ

အဆီဓာတ်ကို အတန်အသင့် စားသုံးပေးသင့်ပါတယ်။ သံလွင်ဆီ၊ ငါးကြီးဆီ၊ အခွံမာသီးတွေလည်း အတော်အသင့် စားပေးသင့်ပါတယ်။

၄။ အရေးပေါ် ဆာတဲ့အခါ စားဖို့ ပြင်ဆင်ထားပါ

ဗိုက်အရမ်းစာရင် အသင့်လုပ်ထားတဲ့ အမြန်စား အစားအစာတွေ စားမယ့်အစား အသီးခြောက်တွေ၊ အခွံမာသီးတွေကို စားပေးပါ။ အသီးခြောက်တွေကိုစားတဲ့အခါမှာလည်း သကြားမထည့်ထားဘဲ သဘာဝအတိုင်းအခြောက်ခံထားတာကို စားပေးသင့်ပါတယ်။

၅။ အိပ်ရေး၀၀အိပ်ပါ

သကြားရှောင်ပြီး အသားအရေ ကြည်လင်လှပစေဖို့ လိုက်နာသင့်တဲ့ နည်းလမ်းကောင်း ၅ သွယ်

ညဖက်မှာ ကွန်ပျူတာတွေ၊ ဖုန်းတွေ အလွန်အကျွံမကြည့်ဘဲ အိပ်ရေး၀၀ အိပ်ပေးပါ။ အိပ်ရေး၀၀အိပ်တာဟာ အချိုစားချင်စိတ်၊ အသင့်စားအစားအစာ စားချင်စိတ်ကို ဟန့်တားပေးနိုင်ပါတယ်။ ဒ့ါကြောင့် အိပ်ရေး၀၀အိပ်ပါ။

အခုနည်းလမ်းတွေကို ၁၀ ရက်လောက် လိုက်နာပေးရင် သကြား စားသုံးမှုပမာဏကို လျှော့ချပေးနိုင်မှာဖြစ်ပြီး အချိုစားချင်စိတ်ကိုလည်း လျှော့ချပေးနိုင်မှာပါ။အသင့်စားအစားအစာတွေ အချိုတွေကို လျှော့စားတာ၊ ရှောင်တာမျိုးလုပ်ပြီး လှပစိုပြေတဲ့ အသားအရေကို အရယူလိုက်ပါ။