အလှပကြိုက်တဲ့ ပျိုမေတို့အတွက် အသုံးဝင်တဲ နည်းလမ်းလေးတွေကို မျှဝေပေးသွားပါမယ်။

၁။ ဆံကေသာအတွက် ဘီယာ

ဘီယာကို ရေနဲ့ ဆတူရောပြီး ခေါင်းလျှော်ပေးမယ်ဆိုရင် သင့်ဆံပင်ကို ပိုပြီး နူးညံ့ပျော့ပြောင်းလာစေမှာပါ။ ဆပင်အရောင်ကိုလည်း ပိုပြီးတောက်ပြောင်လာစေမှာဖြစ်ပါတယ်။

၂။ကျောက်မီးသွေးနဲ့ သွားဖြူအောင်တိုက်မယ်။

ကျောက်မီးသွေးခဲနဲ့ သွားတိုက်ပေးမယ်ဆိုရင် သွားကို ဖြူဝင်းစေမှာဖြစ်ပါတယ်။ တစ်လကို ၂ ခါလောက်သာလုပ်ပေးပါ။

၃။ ချိုင်းသားဖြူဝင်းဖို့ အာလူးကိုသုံးမယ်။

သင့်ကိုပိုပြီးလှပသွားစေမယ့် အသုံးဝင်တဲ့ နည်းလမ်းလေးတွေ

အာလူးကို ပါးပါးလှီးပြီး ချိုးအောက်မှာ ပွတ်လိမ်းပေးမယ်ဆိုရင် ချိုင်းသားဖြူဝင်းစေဖို့ အကူအညီဖြစ်စေမှာဖြစ်ပါတယ်။

၄။ ပေါင်းဆေးအစား Mayonnaise ကိုသုံးမယ်။

ဆံပင်ပေါင်းဆေးနေရာမှာ Mayonnaise ကိုသုံးပေးလို့ရပါတယ်။

၅။ Concealer ကို နှုတ်ခမ်းအပြင်ဖက်မှာ သုံးမယ်။

Concealer ကို နှုတ်ခမ်းရဲ့ အပြင်ဖက်မှာ လိမ်းပေးတာဟာ နှုတ်ခမ်းကို အသဘာဝအတိုင်းဖြစ်စေပြီး နှုတ်ခမ်းကို ပိုပြီး ထူထူလေးဖြစ်စေပါတယ်။

၆။ Highlighter အစား နှုတ်ခမ်းနီသုံးမယ်။

Highlighter မရှိဘူးဆိုရင်လည်း စိတ်မပူပါနဲ့။ Lip Balm ကို သုံးပြီး Highlight ဖော်ပေးလို့ရပါတယ်။

၇။ Baby Powder ကို မျက်တောင်မွှေးမှာ ဆိုးပေးမယ်။

Baby Powder ကို Mascara မဆိုးခင်မှာ အရင်လိမ်းပေးပါ။ ပြီးမှ Mascara ဆိုးပေးမယ်ဆိုရင် မျက်တောင်မွှေးအပေါ် ဆိုးပေးရတာလည်း ပိုပြီးလွယ်ကူစေမှာဖြစ်သလို မျက်တောင်မွှေးကိုလည်း ပိုပြီးလှပစေမှာဖြစ်ပါတယ်။