လူဦးရေ ၈၀% ခန့်ဟာ ခါးနာခြင်းဝေဒနာကို ခံစားနေကြရပါတယ်။ အထူးသဖြင့်တော့ အမျိုးသမီးတွေပါ။ အထိုင်များတာကြောင့်လည်း ခါးနာတတ်သလို ခါးတစ်ခါနာဖူးပြီဆိုရင် ဒဏ်ဖြစ်ပြီး မကြာခဏဆိုသလို ခါးနာတတ်လေ့ရှိပါတယ်။ ခါးနာတတ်တဲ့သူတွေအတွက် လိုက်နာရမယ့်သဘာဝနည်းလမ်းလေးတွေကို မျှဝေပေးချင်ပါတယ်။

(၁) အိပ်ချိန်ကို ကန့်သတ်ထားပါ

တစ်နေ့ကို ၈ နာရီထက်ပိုအိပ်တဲ့သူတွေဟာ ခါးနာတတ်ကြပါတယ်။ ဒါ့ကြောင့် ခါးနာတတ်တဲ့သူတွေဟာ အိပ်ယာပေါ်မှာ ခဏခဏလဲနေတာမျိုးကို ရှောင်ကျဉ်သင့်ပါတယ်။

(၂) အသင့်စားအစားအစာတွေ ရှောင်ပါ။

ကြွက်သားတွေသန်မာစေတဲ့ ကျန်းမာရေးနဲ့ညီညွှတ်တဲ့အစားအစာတွေစားပေးပါ။ အစားအလွန်အကျွံစားတာကလည်း ခါးနာစေပါတယ်။ ကိုယ်အလေးချိန်တက်ပြီး နောက်ကျောကို ဖိအားပေးသလိုဖြစ်လို့ ခါးနာစေပါတယ်။ ဒါ့ကြောင့် လတ်ဆတ်တဲ့ အသီးအရွက်တွေကို များများစားပြီး အသင့်စားအစားအစာတွေကို ရှောင်ပါ။

(၃) လေ့ကျင့်ခန်းလုပ်ပါ။

ခါးနာတတ်တဲ့သူတွေအတွက် အကောင်းဆုံးဆေးနည်းကတော့ လေ့ကျင့်ခန်းကို ပုံမှန်လုပ်ပေးတာပါပဲ။ ဆိုလိုတာက လေ့ကျင့်ခန်း ကြီးကြီးမားမားလုပ်ပေးရမယ်လို့ပြောတာမဟုတ်ပါဘူး။ တစ်နေ့ကို မိနစ် ၂၀ – ၃၀ လောက်လမ်းလျှောက်ပေးတာမျိုး တင်းနစ်တို့လို အားကစားတစ်ခုခုကို လုပ်ပေးတာမျိုး လုပ်သင့်ပါတယ်။

(၄) မတဲ့အခါသတိထားပါ။

တစ်ခုခုကို မမယ် ကောက်မယ် ဆိုတဲ့နေရာမှာ သတိထားပါ။ ကုန်းပြီးကောက်တာမျိုးကိုရှောင်ပြီး ဒူးကွေးပြီး တစ်ခုခုကို ကောက်ယူပါ။ မပါ။

(၅) ကောင်းမွန်စွာအိပ်စက်ပါ။

အိပ်ချိန်များလွန်းတာဟာ ခါးနာစေပါတယ်။ အိပ်စက်ခြင်းက လူတစ်ယောက်အတွက်အရေးကြီးတာမှန်ပေမယ့် အလွန်အကျွံအိပ်စက်မယ်ဆိုရင် နောက်ကျောနာကျင်စေပါတယ်။ ပြီးတော့ ခါးနာတာသက်သာစေဖို့အတွက် အိပ်တဲ့ပုံစံကိုလည်း သတိထားပါ။

(၆) ရေခဲ နဲ့ အပူကပ်ပေးပါ။

ခါးနာနေတာကို သက်သာစေဖို့ ရေခဲကပ်ပေးတာမျိုး အပူအိတ်ကပ်ပေးတာမျိုးလုပ်ပေးပါ။

Featured Image Source: Mayo Clinic Health System