အမျိုးသမီးတွေ ဓမ္မတာလာစဉ်မှာ ဘယ်လောက်နာကျင်သလဲဆိုတာ အမျိုးသမီးအချင်းချင်း ပိုပြီး သိကြမှာပါ။

တခါတလေမှာဆို ထိုင်မရ ထမရနဲ့ ခွေခွေလေးလှဲနေချင်တာ အားမရှိတာ အားပျော့တာမျိုးတွေ ဖြစ်ပါတယ်။ ဒီအတွက် နာကျင်မှုကို သက်သာစေနိုင်ဖို့ နည်းလမ်းကောင်းတွေကို မျှဝေပေးချင်ပါတယ်။

ဘူးအပူတစ်လုံးကိုသုံးပါ

ရာသီလာနေချိန်မှာ ဗိုက်နာတာ သက်သာစေဖို့ ဘူးအလွတ်ထဲမှာ ရေနွေးနွေးလေးထည့်ပြီး ဗိုက်အောက်မှာ ဖိထားပေးပါ။ အိမ်မှာ အပူပေးတဲ့ Heating Pad ရှိရင်လည်း အသုံးပြုနိုင်ပါတယ်။ မရှိဘူးဆိုရင်လည်း ပုလင်း (သို့) ပလတ်စတစ်ဘူးထဲမှာ ရေနွေးထည့်ပြီး ဗိုက်အောက်ကို ဖိထားပေးပါ။

ဂျင်းဖျော်ရည်

ဂျင်းကလည်း ဓမ္မတာလာနေစဉ်မှာ သက်သာပျောက်ကင်းစေတဲ့ ဆေးတစ်မျိုးပါပဲ။ ဂျင်းကို အတုံးလိုက်လှီးပြီး အိုးတစ်လုံးထဲထည့်ပါ။ ပြီးရင်ရေထည့်ပြီးဆူအောင်သည်ပါ။ အဲဒီနောက် အအေးခံပြီး မနက်တစ်ကြိမ် ညနေတစ်ကြိမ်သောက်ပေးပါ။

သစ်ကြမ်းပိုးခေါက်

သစ်ကြမ်းပိုးခေါက်မှုန့်ကို ဝယ်ပါ။ အမှုန့်မရှိရင်လည်း သစ်ကြမ်းပိုးခေါကချောင်းကို အမှုန့်ဖြစ်အောင်လုပ်ပါ။ ပြီးရင် ရေကိုဆူအောင်သည်ပြီး သစ်ကြမ်းပိုးခေါက်မှုန့်ထည့်ပါ။ ပြီးရင် ခဏ စိမ်ထားပြီး မွှေပေးပါ။ အဲဒီနောက် ပျားရည်အနည်းငယ်ထည့်ပါ။ မနက်တစ်ကြိမ် ညနေတစ်ကြိမ်နဲ့ နေ့တိုင်းသောက်ပေးရမှာဖြစ်ပါတယ်။