ဆောင်းတွင်းမှာ သင့်နှုတ်ခမ်းတွေ ခြောက်သွေ့ပြီး ကွဲနေပြီလား။ ဒီဆောင်းပါးလေးကို ဖတ်ပြီး လိုက်လုပ်ကြည့်လိုက်ပါ။

နှုတ်ခမ်းခြောက်၊ နှုတ်ခမ်းကွဲတာတွေကို ပျောက်စေဖို့

ပျားရည်နဲ့ Vaseline

လိုအပ်တဲ့ပစ္စည်းများ

ပျားရည်

Vaseline

ပြုလုပ်နည်း

ပျားရည်ကို နှုတ်ခမ်းပေါ်မှာ သုတ်လိမ်းပေးပါ။ ပြီးရင် Vaseline ကို နောက်ထပ်တစ်လွှာ ထပ်ပေးပါ။ ၁၀ မိနစ်ကနေ ၁၅ မိနစ်ကြား လောက်ထားထားပေးပါ။ ပြီးရင် အဝတ်စိုတစ်ခုသို့မဟုတ် Wet Tissue နဲ့ နှုတ်ခမ်းကို ပွတ်လိုက်ပါ။

နေ့တိုင်း လုပ်ပေးပါ။ တစ်ပတ်ကြာရင် သိသာလာပါလိမ့်မယ်။

ပျားရည်မှာ ပိုးမွှားတွေကို ဖယ်ရှားပေးနိုင်တဲ့ ဂုဏ်သတ္တိရှိပါတယ်။ Vaseline ကလည်း အသားအရေ စိုပြေချောမွေ့ပြီး အာဟာရဓာတ် ဖြည့်ဆည်းပေးနိုင်ပါတယ်။

ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်ရဲ့ အနှစ်ကိုထုတ်လိုက်ပြီး နှုတ်ခမ်းမှာ လိမ်းကာ အိပ်ပေးပါ။ ကျန်ရှိတဲ့ အနှစ်တွေကို လေလုံတဲ့ ခွက်ထဲမှာ သိမ်းပြီး ရေခဲသေတ္တာထဲထည့်ထားရင် နောက်နေ့ထပ်သုံးလို့ရပါတယ်။

ရှားစောင်းလက်ပတ်က ကွဲပြီး အက်ကွဲနေတဲ့ အသားအရေကို ကုသပေးနိုင်ပါတယ်။ အပေါ်ယံ သေနေတဲ့ ဆဲလ်တွေကို ဖယ်ရှားပေါ်ပြီး အေးမြတဲ့ ခံစားမှုကို ပေးစွမ်းနိုင်ပါတယ်။