ပိုတက်ဆီယမ်ဓာတ်လို့ ကြားလိုက်ရင် အဝါရောင် ငှက်ပျောသီးတွေကို သွားမြင်မိပါလိမ့်မယ်။ ဒါပေမယ့် ဒီ ဓာတ်က ခန္ဓာကိုယ်ရဲ့ ဘယ်နေရာတွေမှာ အရေးပါလဲဆိုတာ သေသေချာချာ မသိကြပါဘူး။

ပိုတက်ဆီယမ်ဓာတ်ဆိုတာ Electrolyte သတ္တုဓာတ်တွေထဲက တစ်ခုဖြစ်ပါတယ်။ Electrolyte ဓာတ်က ခန္ဓာကိုယ်တစ်ခုလုံး လျှပ်စစ်ဓာတ်တွေ စီးဆင်းဖို့ လုပ်ဆောင်ပေးပါတယ်။

ဒါကြောင့် ပိုတက်ဆီယမ်ဓာတ်က နှလုံးခုန်နှုန်း၊ ကြွက်သား လုပ်ဆောင်ချက်တွေကို ထိန်းညှိပေးပြီး ခန္ဓာကိုယ်ထဲက ဆဲလ်အားလုံးမှာလည်း အဲ့ဒီဓာတ်ပါဝင်ပါတယ်။

ဒါကြောင့် ပိုတက်ဆီယမ်ဓာတ်တွေ ချို့တဲ့ရင် တခြား ကျန်းမာရေး ပြဿနာတွေ အများကြီးရှိပါတယ်။

ပိုတက်ဆီယမ်ဓာတ်က

  • ပရိုတင်းနဲ့ကြွက်သားတွေကို တည်ဆောက်ပေး
  • ကာဗိုဟိုက်ဒရိုတ်ကို ဖြိုခွဲပြီး စုပ်ယူဖို့ လုပ်ဆောင်ပေး
  • ခန္ဓာကိုယ်ရဲ့ ကြီးထွားမှုကို ကူညီပေး
  • နှလုံးခုန်နှုန်းကို ထိန်းညှိပေး
  • ph Level ကို ထိန်းညှိပေး
  • အစာခြေစနစ်ကို မြှင့်တင်ပေး

Kidney Cleansing

ပိုတက်ဆီယမ်ဓာတ်ချို့တဲ့တာဟာ မှန်ကန်တဲ့ အစားအစာတွေမစားတာတွေနဲ့ ဆားဓာတ်များတဲ့ အစားအစာတွေ အများကြီးစားသုံးတာကြောင့်လည်း ဖြစ်ပါတယ်။

ခန္ဓာကိုယ်ထဲမှာ ပိုတက်ဆီယမ်ဓာတ် နည်းရင်

  • ကျောက်ကပ်ရောဂါ
  • ဆီးသွားတာ များတာ
  • မောပန်း၊ အော့အန်၊ ဝမ်းလျော ဖြစ်တတ်ပါတယ်။

နာတာရှည် မောပန်း

တစ်နေ့ကို ၇ နာရီကနေ ၈ နာရီ ဆက်တိုက်အိပ်ပေမယ့် မောပန်းနွမ်းနယ်နေတာဆိုတာ ပိုတက်ဆီယမ် ဓာတ်ချို့တဲ့တာကြောင့်ဖြစ်ပါတယ်။ ပိုတက်ဆီယမ်က ဆဲလ်တွေနဲ့ တခြား ခန္ဓာကိုယ်အစိတ်အပိုင်းတွေလိုအပ်တဲ့ စွမ်းအင်ကို လျှပ်စီးကြောင်းကနေ တစ်ဆင့်ပေးပို့ပေးတာကြောင့်ပါ။ ဒါကြောင့် ပိုတက်ဆီယမ်ဓာတ် ချို့တဲ့ရင် မောပန်းနွမ်းနယ်တာဖြစ်ပါတယ်။

သွေးတိုး

ပိုတက်ဆီယမ်ဓာတ်နဲ့ ဆိုဒီယမ်ဓာတ်တွေက တစ်ခုကနည်းရင် တစ်ခုကများပါတယ်။ ဆဲလ်တွေထဲမှာ ပိုတက်ဆီယမ်ဓာတ် မလုံလောက်ရင် ဆိုဒီယမ်ဓာတ်က မြင့်တက်လာပြီး သွေးတိုးဖြစ်စေပါတယ်။ ဆဲလ်တွေကို ရောင်ရမ်းစေပါတယ်။ သွေးတိုးဖြစ်ရင် လေဖြတ်နိုင်ချေ များပြီး ကျောက်ကပ်နဲ့ တခြား ရောဂါတွေကိုလည်း ဖြစ်စေပါတယ်။

ကြွက်သားတွေ အားနည်း

ကြွက်သားတွေ လှုပ်ရှားဖို့ ပိုတက်ဆီယမ်ဓာတ်တွေလိုအပ်ပါတယ်။ ကြွက်သားတွေ လှုပ်ရှားတာ များလေလေ ကြွက်သားထဲက ပိုတက်ဆီယမ်ဓာတ်တွေက ပိုဆုံရှုံးလေပါဘဲ။

နှလုံးကျန်းမာရေး

နှလုံးက ကျန်းမာရေးအတွက် စွမ်းအားအရှိဆုံး ကြွက်သားပါ။ လူတွေ အိပ်နေရင်တောင် နှလုံးကြွက်သားက အလုပ်လုပ်နေရပါတယ်။ ဒါကြောင့် ပိုတက်ဆီယမ်ဓာတ်နည်းရင် နှလုံးခုန်နှုန်း ကို ထိခိုက်စေပါတယ်။

မူးဝေခြင်း

 ပိုတက်ဆီယမ်ဓာတ်က နှလုံး ခုန်နှုန်းကို ထိခိုက်တာကြောင့် သွေးထဲမှာ ပိုတက်ဆီယမ်ဓာတ်နည်းရင် မူးဝေတတ်ပါတယ်။

ဝမ်းချုပ်ခြင်း

ဝမ်းချုပ်တာကို ဘယ်လို ပျောက်ကင်းအောင်လုပ်မလဲ

အစာခြေစနစ်မှာ ကြွက်သားတွေ လှုပ်ရှားဖို့လည်း လိုအပ်တာကြောင့် ပိုတက်ဆီယမ်ဓာတ်ချို့တဲ့ရင် ကြွက်သား မလှုပ်ရှားနိုင်တော့ဘဲ ဝမ်းချုပ်နိုင်ပါတယ်။