လူအများစုက ဆီးချိုရောဂါတွင်သာ သကြားဓာတ်မြင့်မားတယ်လို့ထင်ကြပါတယ်။အဲလိုတော့မဟုတ်ဘူး၊ဘယ်သူမဆို သကြားဓါတ်များနေခံစားနေရင် အာရုံကြော၊ သွေးကြောများနဲ့ ကိုယ်တွင်းအင်္ဂါများကိုထိခိုက်ပျက်စီးမှုများ ဖြစ်တယ်ဆိုတာ သတိမပြုမိတာဘဲဖြစ်လိမ့်မယ်။ အဲဒါကြောင့် ဒီရောဂါတွေကိုကာကွယ်ရန်အတွက် စိုးရိမ်ဖွယ်ရာလက္ခဏာများကို အချိန်မီ သတိပြုမိရန်နဲ့ သင့်တော်တဲ့လုပ်ဆောင်မှုများပြုလုပ်ရန်အရေးကြီးပါတယ်။

၁။ခဏခဏဗိုက်ဆာခြင်း

Source;mollicart/depositphotos
သကြားဓာတ်များခြင်းက ဂလူးကို့စ်ကို ဆဲလ်များထဲသို့ ၀င်ရောက်ခြင်းကိုကာကွယ်ပေးပါတယ်။အဲဒီအရာကြောင့် ခန္ဓာကိုယ်ကအင်အားမရှိသလို အစာ ခဏခဏတောင်းခံတတ်ပါတယ်။

၂။ပင်ပန်းနွမ်းနယ်မှုတိုးလာခြင်း

သွေးထဲမှာသကြားဓာတ်မြင့်မားပါက ခန္ဓာကိုယ်သည် ဂလူးကို့စ်အား စနစ်တကျသိုလှောင်သိမ်းဆည်းနိုင်စွမ်းမရှိတော့ပါ။ စွမ်းအင်ကိုထိရောက်စွာအသုံးမပြုဘဲခန္ဓာကိုယ်ဆဲလ်များကသူတို့လိုအပ်သောလောင်စာကိုမရရှိကြပါ။ဒီအရာအားလုံးကြောင့် လူတစ်ယောက်က အကြောင်းပြချက်မရှိဘဲပင်ပန်းနွမ်းနယ်လေ့ရှိတာကို ဖြစ်ပေါ်စေပါတယ်။

၃။မကြာခဏဆီးသွားခြင်း

Source;Viviamo/depositphotos

အကယ်လို့သကြားဓာတ်မြင့်မားပါက ကျောက်ကပ်တွင် အရည်ပြန်လည်စုပ်ယူနိုင်မှာမဟုတ်ပါ။ဒါ့ကြောင့်ခန္ဓာကိုယ်က သွေးနဲ့ဆဲလ်များအတွင်းရှိဂလူးကို့စ်ကို ညီမျှစေရန်အတွက် သွေးအတွင်းရှိဆဲလ်အရည်များပျော်ဝင်စေခြင်းဖြင့် ဂလူးကို့စ်ပါဝင်မှုကိုပုံမှန်ဖြစ်စေပါတယ်။အဲဒါကလည်းမကြာခဏဆီးသွားစေပါတယ်။

၄။အာခေါင်ခြောက်ပြီးရေဆာခြင်း

အာခေါင်ခြောက်သွေ့ခြင်းနဲ့ရေငတ်ခြင်းတို့က ပြင်းထန်သောအရည်ဆုံးရှုံးမှုကို တုန့်ပြန်တယ်။ ရေဓာတ်ခန်းခြောက်မှုနှင့်ရေငတ်မှုကိုဖြစ်ပေါ်စေသော hypothalamus က ဦးနှောက်ဆီသို့ သက်ဆိုင်ရာအချက်ပြမှုကိုပေးပို့ပါတယ်။ ရေ ဒါမှမဟုတ် သကြားမပါသောလက်ဖက်ရည်ကို သောက်ခြင်းက ပိုပြီးကောင်းစေပါတယ်။

၅။အရေအပြားခြောက်သွေ့လာခြင်း

ခြောက်သွေ့ကြမ်းတမ်းတဲ့အသားအရေအတွက် အသားအရေထိန်းသိမ်းနည်း

အရေအပြားခြောက်သွေ့ခြင်းက အကြောင်းအမျိုးမျိုးကြောင့် သွေးတွင်းသကြားဓာတ်မြင့်တက်မှုနှင့်ဆက်စပ်နိုင်ပါတယ်။ အလွန်အကျွံ ဆီးသွားတဲ့အခါ အရေပြားခြောက်သွေ့လာတာနဲ့အမျှ ခန္ဓာကိုယ်ကိုရေဓာတ်ခန်းခြောက်စေတယ်။ ခြေထောက်အရေပြားပြဿနာများက သွေးကြောများ ပိုမိုတင်းကျပ်ခြင်းနဲ့ သွေးလည်ပတ်မှုနှုန်းကို လျှော့ချပေးခြင်း စတဲ့သွေးကြောဆိုင်ရာရောဂါလက္ခဏာများဖြစ်ပါတယ်။ ဆီးချိုရောဂါတွင် မကြာခဏဖြစ်ပွားလေ့ရှိပါတယ်။ ပျက်စီးသွားသောအာရုံကြောများတွင် ချွေးဂလင်းများ ပုံမှန်လည်ပတ်မှုကို အနှောင့်အယှက်ဖြစ်စေနိုင်ပြီး အရေပြားနှင့် ရေချိန်ခွင်လျှာကိုထိခိုက်စေပါတယ်။

သကြားက စိတ်အခြေအနေအတွက် တာဝန်ရှိသည့်အခြားအာဟာရဖြစ်သော ခရိုမီယမ်ကိုစုပ်ယူနိုင်တယ်။ ၎င်းဓာတ်သတ္တုက သွေးတွင်းသကြားဓာတ် တည်ငြိမ်မှုကို ထိန်းသိမ်းရန်လိုအပ်တယ်။အဘယ်ကြောင့်ဆိုသော် သွေးမှဂလူးကို့စ်ကို သန့်ရှင်းစေသော အင်ဆူလင်က ၎င်းမပါဘဲ စနစ်တကျ အလုပ်လုပ်နိုင်ခြင်းမရှိသောကြောင့်ဖြစ်ပါတယ်။