သင့်ခန္ဓာကိုယ်မှာ လိုအပ်တဲ့ လုပ်ဆောင်ချက်တွေအတွက် ဆားဓာတ်က လိုအပ်ပါတယ်။ သကြားဓာတ်က ခန္ဓာကိုယ်ထဲက အရည်တွေကို ထိန်းညှိပေးပြီး သွေးဖိအားကိုလည်း ပုံမှန်ဖြစ်အောင် လုပ်ဆောင်ပေးပါတယ်။

ဒါပေမယ့် ဆားကို လိုအပ်တာထက် ပိုပြီး စားသုံးမိရင် ကျန်းမာရေး ပြဿနာတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ ဆားထဲမှာ ပါဝင်တဲ့ ဆိုဒီယမ်ဓာတ်တွေ အများကြီး စားသုံးမိရင် ခေါင်းကိုက်၊ သွေးတိုး၊ ကျောက်ကပ်မှာ ကျောက်တည်တာနဲ့ ခန္ဓာကိုယ်ထဲမှာ ရေဓာတ်များတာတွေ ဖြစ်နိုင်ပါတယ်။

ဆားကို လိုအပ်တာထက် ပိုပြီး စားသုံးမိနေရင်

ရေဆာတာများမယ်

ဆားပါဝင်မှုများ တဲ့ အစားအစာတွေကို စားသုံးရင် ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ ဆားတွေကို ဖယ်ရှားဖို့ ရေတွေ ပိုလိုအပ်လာပါလိမ့်မယ်။ ရေ အဆက်မပြတ် ဆာတာများရင် သင် ဆား စားသုံးတာများနေတာကို ညွှန်းဆိုနေပါလိမ့်မယ်။

kidenystonesformation

ကျောက်ကပ်မှာ ကျောက်တည်လာမယ်

ဆားပါဝင်မှုများတဲ့ အစားအစာကို စားသုံးရင် ဆီးထဲမှာ ကယ်ဆီယမ်ဓာတ်တွေ အနယ်ကျမှု များလာပါလိမ့်မယ်။ ဆားမှာပါဝင်တဲ့ ဆိုဒီယမ်နဲ့ ဆီးထဲမှာရှိတဲ့ ကယ်ဆီယမ်ဓာတ်တို့ ပေါင်းပြီး ကျောက်ကပ်မှာ ကျောက်တည်လာပါတယ်။

ခြေထောက်တွေ ရောင်လာမယ်

ဆားတွေ စားသုံးတာများရင် သင့်ခန္ဓာကိုယ်ထဲမှာ ဆိုဒီယမ် ဓာတ်တေ ထိန်းညှိဖို့ ရေတွေ များလာပါလိမ့်မယ်။ အဲ့ဒီ ရေတွေကြောင့် ခြေတွေ၊ လက်တွေ၊ ခြေဆစ်၊ လက်ဆစ်တွေနဲ့ မျက်ခမ်းအောက်တွေမှာ ရောင်လာပါလိမ့်မယ်။

အငန်ကို ပိုစားချင်လာ

ဆားကို ပိုစားလေ အငန်စားချင်စိတ်က ပိုဖြစ်လေပါဘဲ။ ခန္ဓာကိုယ်ထဲမှာ ဆား ဓာတ်များလေလေ ခန္ဓာကိုယ်က ဦးနှောက်ကို အငန်ဓာတ်ပိုချင်ကြောင်း အချက်ပေးတတ်တာကြောင့် ဆားပိုစားလေဖြစ်တတ်ပါတယ်။

သွေးတိုး

ဒါက လူတိုင်း သိပြီးသားဖြစ်မှာပါ။ ခန္ဓာကိုယ်ထဲမှာ ဆိုဒီယမ်ဓာတ်တွေ များလာရင် သွေးစီးဆင်းမှုနဲ့ ကြွက်သားတွေကို အနှောင့်အယှက်ပေးပါတယ်။

concentration-problems

အာရုံ မစိုက်နိုင်

ဆိုဒီယမ်ဓာတ်များတဲ့ အစားအစာတွေကို စားလေလေ သွေးတိုးလေဖြစ်ပြီး ဦးနှောက်ကိုသွားတဲ့ သွေးလွှတ်ကြောတွေကို ထိခိုက်စေပါတယ်။ ရေတိုအနေနဲ့ အာရုံစိုက်ဖို့ ခက်ခဲတာမျိုး ခံစားရပြီး ရေရှည်မှာတော့ သွေးကြောထုံးတာတို့ ဦးနှောက်မှတ်ဉာဏ်တွေလည်း ထိခိုက်နိုင်ပါတယ်။

benefits-of-basil-treat-headaches

ရံဖန်ရံခါ ခေါင်းကိုက်

ဆိုဒီယမ် ဓာတ်များတာဟာ ခေါင်းကိုက်တာနဲ့လည်း ဆက်စပ်နေပါတယ်။ ခန္ဓာကိုယ်ထဲမှာ ဆိုဒီယမ်ဓာတ်များရင် သွေးတိုးစေပြီး ခေါင်းကိုက်စေ ပါတယ်။