အမျိုးသမီးတွေအတွက် အရမ်းအရေးကြီးပါတယ်။ တစ်ကိုယ်ရေသန့်ရှင်းပြီး ကျန်းမာနေမှ အိမ်ထောင်ရေး သုခကို အပြည့်အဝရရှိနိုင်မှာပါ။

မအင်္ဂါအတွင်းမှာ ဘက်တီးရီးယားရှိနေခြင်းရဲ့ လက္ခဏာရပ်များ

မအင်္ဂါအတွင်းမှာ ဘက်တီးရီးယားပိုးရှိနေပြီဆိုရင် အဖြူစင်းတဲ့အခါ အနံ့အသက် မကောင်းဘူးဖြစ်လာပါမယ်။ အဝါရောင် (သို့) မီးခိုးရောင်ဖက်သန်းလာပါမယ်။ အထူးသဖြင့် ဖို မ လိင်ဆက်ဆံပြီးချိန်မှာ အနံ့အသက် ဆိုးလာပါတယ်။

အမျိုးသမီးဦးရေရဲ့ ထက်ဝက်လောက်ဟာ မအင်္ဂါအတွင်းမှာ ဘက်တီးရီးယားပိုးဝင်ရောက်တာကို မသိကြပါဘူး။ ဘာလက္ခဏာမှ မပြလို့ဖြစ်ပါတယ်။ ဒါ့အပြင် တစ်ချို့အမျိုးသမီးတွေက အဖြူမကြာခဏ ဆင်းတတ်ကြပါတယ်။ လက္ခဏာတစ်ချို့ကတော့ အင်္ဂါတစ်ဝိုက်မှာ နီလာမယ်။ အပူဖုတွေပေါက်လာမယ်။ ယားလာမယ်။ ဆီးသွားတဲ့အချိန်မှာ နာကျင်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။

သဘာဝနည်းလမ်းနဲ့ ကုသမယ်

ဒိန်ချဉ်

ဒိန်ချဉ်ထဲမှာ သန့်ရှင်းတဲ့ Tampon ချောင်းနှစ်ပြီး မအင်္ဂါအတွင်းကို ထည့်ကာ လိမ်းပေးပါ။ ပြီးတော့ တစ်နေ့ကို ဒိန်ချဉ် ၂ ခါသောက်ပါ။

ပန်းသီးရှာလကာရည်

ပန်းသီးရှလကာရည်တစ်ခွက်ကို ရေချိုးတဲ့ စည်ပိုင်းထဲမှာထည့်ပါ။ ရေအနေတော် ဖြည့်လိုက်ပါ။ ပြီးရင် မိနစ် ၂၀ လောက်စိမ်ထားပါ။ မနက်တိုင်းပြုလုပ်ပေးလို့ရပါတယ်။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူအစိမ်းကို စာပေးပါ။ မအင်္ဂါအတွင်းမှာ ဘက်တီးရီးယားဝင်ရောက်တာတွေအတွက် အကောင်းဆုံးဖြစ်ပါတယ်။