လူတွေဘယ်လိုပြောပြော ဘယ်လိုပဲတိုက်ခိုက်တိုက်ခိုက် လူတိုင်းမှာ အရည်အချင်းကိုယ်စီရှိတယ်ဆိုတာ သံသယဖြစ်စရာမလိုပါဘူး။ ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေးကို သံသယဖြစ်မယ်ဆိုရင်တော့ သင်ဟာ ဘယ်တော့မှ ထက်မြတ်တဲ့သူဖြစ်လာမှာမဟုတ်သလို လုပ်ဆောင်နိုင်မှုစွမ်းရည်လည်း တိုးတက်လာမှာမဟုတ်ပါဘူး။

သင်ထင်ထားတာထက် သင်ဟာ ဉာဏ်ရည်ထက်မြတ်ပြီး ကိုယ်ရည်ကိုယ်သွေးကောင်းတဲ့သူဖြစ်တယ်ဆိုတာ သိနိုင်မယ့် လက္ခဏာ (၁၀) မျိုးကို မျှဝေပေးပါမယ်။

၁။ မောင်နှမတွေမှာ အကြီးဆုံးသူ။

ရှိတဲ့ ညီအစ်ကို မောင်နှမတွေထဲမှာ သင်ဟာ အကြီးဆုံးလား။ လေ့လာတွေ့ရှိချက်အရ အမကြီး (သို့) အကိုကြီးတွေဟာ အငယ်တွေထက် ပိုပြီး IQ ပိုမြင့်ကြပါတယ်။

၂။ ဘယ်သန်တွေ

သင်ဟာဘယ်သန်တစ်ယောက်ဖြစ်တယ်ဆိုရင်တော့ တွေးခေါ်မှုစွမ်းရည်ကောင်းတယ်။ ခက်ခဲတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်တဲ့သူဖြစ်တယ်။

၃။ စာဖတ်ရတာကြိုက်တယ်။

ငယ်ငယ်လေးကတည်းက စာဖတ်ရတာကြိုက်တဲ့သူတွေဟာ စာမဖတ်တဲ့သူတွေနဲ့ယှဉ်ရင် ရမှတ်သိသိသာသာကွာနေတာကို သုတေသီတွေက လေ့လာတွေ့ရှိခဲ့ကြပါတယ်။ ဒါ့ကြောင့် ငယ်ငယ်လေးကတည်းက စာဖတ်အားကောင်းတဲ့သူတွေဟာ နှုတ်စွမ်းရည်လည်း ကောင်းကြပါတယ်။

၄။ စိုးရိမ်တတ်တယ်။

တစ်ခုခုကို စိုးရိမ်တတ်တဲ့သူတွေဟာ ဉာဏ်ရည်ပိုထက်မြတ်ကြပါတယ်။ တစ်ခုခုကို စိုးရိမ်ပြီးဘာမှမလုပ်တာကိုပြောတာမဟုတ်ဘူးနော်။ ဖြစ်လာမယ့်အရာတစ်ခုကို ဘာတွေဖြစ်နိုင်လဲဆိုတဲ့ စိုးရမ်စိတ်ကလေးရှိပြီး ဘယ်လိုရှောင်လို့ရမယ်ဆိုတဲ့ အရာကို တွေးခေါ်စဉ်းစားနိုင်လို့ ပိုမိုကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်သူပါ။

၅။ သင်ဟာပျော်တတ်တယ်။

သင်ဟာ ပျော်တတ်တဲ့သူဖြစ်တယ် ဟာသဉာဏ်ရှိတယ်ဆိုရင် သင်ဟာ ဉာဏ်ရည်ထက်မြတ်တဲ့သူတစ်ဦးပါ။ လေ့လာတွေ့ရှိချက်အရ ပျော်ပျော်နေတတ်တဲ့သူတွေဟာ သာမန်လူတွေထက် IQ ပိုမြင့်ကြပါတယ်။

၆။ သင်ဟာ ဇီးကွက်ဖြစ်တယ်။

ညည တော်ရုံနဲ့မအိပ်တတ်တဲ့ သူတွေဟာ ဉာဏ်ရည်ပိုပြီး ထက်မြတ်ကြတဲ့သူတွေဖြစ်ပါတယ်။ လူတွေအများစု မလုပ်နိုင်တဲ့ တီထွင်မှုစွမ်းရည် မြင့်မားကြပါတယ်။ ကဲ…ညဇီးကွက်လေးတို့ရေ သင်ဟာ သင်ထင်ထားတာထက် ဉာဏ်ရည်ထက်မြတ်တဲ့သူတစ်ဦးပါ။