သင်ဖြစ်နေကျ ခေါင်းကိုက်တာတို့ အာရုံစိုက်မှုကျဆင်းတာတို့က ခန္ဓာကိုယ်ထဲမှာ အဆိပ်အတောက်တွေများတာ၊ အစာမကြေတာတို့တွေနဲ့ သက်ဆိုင်နေပါတယ်။

ဒါက သင့်ခန္ဓာကိုယ်က သင့်ကို အချက်ပေးနေတဲ့ လက္ခဏာတစ်မျိုးပါဘဲ။

ပင်ပန်းနွမ်းနယ်

တစ်နေ့ကို ဘယ်နှစ်နာရီလောက်ဘဲအိပ်အိပ် အမြဲလိုလိုအိပ်ချင်နေတာ အားမပြည့်သလို ခံစားနေရပါသလား။

သင့်ခန္ဓာကိုယ်က အထဲမှာရှိတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားဖို့ အချိန်ပြည့် အလုပ်လုပ်နေရတာကြောင့် ပင်ပန်းနေသလို ခံစားနေရတာပါ။

ဒီလိုအခြေအနေမျိုးမှာ ကော်ဖီသို့မဟုတ် ချောကလက်စားရင် ပြဿနာကို ပိုဆိုးစေပါတယ်။

ဝမ်းချုပ်ခြင်း

သင့်အစာအိမ်နဲ့အူလမ်းကြောင်းက ကောင်းစွာ အလုပ်မလုပ်ရင် အဆိပ်အတောက်တွေကို မစင်ကနေတစ်ဆင့်မစွန့်ပစ်နိုင်တော့ပါဘူး။

ဒီလိုအခြေအနေမှာ ပြင်းထန်စွာဝမ်းချုပ်ခြင်းတွေဖြစ်နိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ စားနေကျ အစားအစာကို ပြောင်းလဲလိုက်ပြီး အမျှင်ဓာတ်ပါဝင်မှုများတာကို စားပေးသင့်ပါတယ်။

ခေါင်းကိုက်ခြင်း

ခေါင်းတစ်ခြမ်းကိုက်တာမျိုးဖြစ်တတ်ပါတယ်။ တခါတလေ ခဏတစ်ဖြုတ် တခါတလေ တစ်ပတ်လောက် ကြာတတ်ပါတယ်။

ကိုယ်အလေးချိန်တက်လာခြင်း

ခန္ဓောကိုယ်ထဲက အဆိပ်အတောက်တွေက ဟော်မှုန်းဓာတ်ကိုသက်ရောက်စေကာ ကိုယ်အလေးချိန်တက်စေပါတယ်။

အာရုံစိုက်လို့မရခြင်း

အာရုံစိုက်ရခက်ခဲနေပါသလား။ ခန္ဓာကိုယ်ထဲမှာ အဆိပ်အတောက်တွေများလာရင် ဦးနှောက်ထဲမှာ အလွှာလေးဖုံးလွှမ်းလာသလို ဖြစ်လာကာ အာရုံစူးစိုက်ရခက်လာပါတယ်။

ဝက်ခြံထွက်လာခြင်း

ဝက်ခြံကလည်း ခန္ဓာကိုယ်ရဲ့ အဆိပ်အတောက် လက္ခဏာတွေကို ပြသနေပါတယ်။ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို အသားအရေကနေ တဆင့် ဖယ်ရှားတတ်ပါတယ်။ ဒါတွေက ဝက်ခြံတွေအဖြစ်ပြောင်းလဲသွားတတ်ပါတယ်။

ဒါ့ကြောင့် အသားအရေ လှပချင်ရင်၊ ဝက်ခြံကင်းစင်စေချင်ရင် အသားအရေ ကျန်းမာရေးသာမက သင့်ခန္ဓာကိုယ်ထဲက ကျန်းမာရေးကိုလည်း ဂရုစိုက်သင့်ပါတယ်။