နေ့စဉ်နဲ့အမျှ ကျွန်ုပ်တို့ရဲ့စိတ်ထဲမှာအတွေးပေါင်းစုံနဲ့ပြည့်နေပြီး ခန္ဓာကိုယ်မှာလည်း အပြုအမူပေါင်းမျိုးစုံကိုပြုလုပ်နေလျက်ရှိပါတယ်။ ယနေ့ခေတ်ကဲ့သို့ ရှုပ်ထွေးလှသည့်လောကကြီးတွင် လှုပ်ရှားရုန်းကန်နေရသောကြောင့် မိမိခန္ဓာကိုယ်မှပြသနေတဲ့ လက္ခဏာတွေကိုတောင် သတိမထားမိနိုင်ဖြစ်သွားတတ်ပါတယ်။ ထိုကဲ့သို့ ပြသနေတဲ့လက္ခဏာတွေကို ပြန်လည်မတုံ့ပြန်လိုက်မိခြင်းရဲ့ နောက်ဆက်တွဲတွေက အင်မတန်ကိုစိုးရိမ်စရာဖြစ်လာနိုင်ပါတယ်။

ယခုတခါလည်း သင့်အသည်းပုံမှန်အလုပ် လုပ်နေလား၊ မလုပ်လား ညွှန်ပြနေတဲ့လက္ခဏာရပ်တွေကို ဖော်ပြထားတာကြောင့် ကြိုတင်သတိထားနိုင်ဖို့ ဖော်ပြပေးလိုက်ရပါတယ်။

၁။ အိပ်မရခြင်း

အသည်းပုံမှန်အလုပ်မလုပ်ခြင်းသည် အဆိပ်အတောက်များအားလုံး ဆီးသွားခြင်းမှတဆင့် ကိုယ်ခန္ဓာအတွင်းမှထွက်မသွားဘဲ သွေးအတွင်းကျန်ရှိနေခြင်းကို ဖော်ပြနေပြီး အဆိပ်အတောက်များလာခြင်းကြောင့် အိပ်ပျော်ဖို့ခက်ခဲလာနိုင်ပါတယ်။

၂။ ခေါင်းကိုက်၊ မူးဝေ၊ အားနည်းခြင်း

အသည်းပုံမှန်အလုပ်လုပ်ခြင်းသည် အရိုးသန်မာရန်အတွက် ဗီတာမင်ဒီကိုဖြည့်တင်းပေးပြီး Erythropoietin (EPO) ဟုခေါ်သော ဟော်မုန်းများကို ထုတ်လုပ်ပေးသောကြောင့် အလုပ်လုပ်မှုနှောင့်နှေးသွားပြီဆိုပါက EPO ထုတ်လုပ်နိုင်စွမ်းလည်းနည်းပါးသွားကာ မူးဝေအားနည်းခြင်းတို့ကို ဖြစ်ပေါ်လာစေခြင်းဖြစ်ပါတယ်။

၃။ ခြောက်သွေ့ယားယံသည့်အသားအရေရှိခြင်း

အသားအရေခြောက်သွေ့ယားယံလာခြင်းသည် သင့်တင့်မျှတသည့်အာဟာရဓာတ်ကို အသည်းမှမထိန်းသိမ်းနိုင်တော့သောကြောင့် အရိုးနှင့်အသည်းဆိုင်ရာရောဂါများ ခံစားလာရတာဖြစ်ပါတယ်။

၄။ အာခံတွင်းနံ့ဆိုးလာပြီးခံတွင်းပျက်လာခြင်း

အညစ်အကြေးများ သွေးထဲစုလာသည့်အခါ အစားအသောက်အရသာနှင့် ခံတွင်းခံစားမှုတို့ကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။ ခံတွင်းပျက်လာသည့်အခါ အစာစားသုံးမှုလည်း နည်းပါးသွားသောကြောင့် ကိုယ်အလေးအချိန်လည်း အပြောင်းအလဲဖြစ်လာနိုင်ပါတယ်။

၅။ အသက်ရှုမဝခြင်း

အသည်းပုံမှန်အလုပ်မလုပ်တော့သည့်အခါ အဆုတ်အတွင်းသို့ အရည်များရွေ့ပြောင်းသွားပြီး သွေးအားနည်းခြင်းသည် ကိုယ်ခန္ဓာအတွင်း အောက်ဆီဂျင်ကိုပိတ်ပင်ထားသောကြောင့် အသက်ရှုမဝခြင်းကို ဖြစ်ပေါ်လာစေတာပါ။

၆။ ခြေချင်းဝတ်၊ ခြေထောက်နှင့် လက်များ ရောင်ကိုင်းလာခြင်း

ပုံမှန်အလုပ်မလုပ်နိုင်တော့သည့် အသည်းများသည် ခန္ဓာကိုယ်အတွင်းမှ မည်သည့်အရည်ကိုမှ မရွေ့ပြောင်းနိုင်သောကြောင့် ခြေသလုံး၊ ခြေထောက်နှင့် လက်နေရာများတွင် ရောင်ကိုင်းမှုများ ဖြစ်ပေါ်လာနိုင်ပါတယ်။

၇။ ကျောဖက်နာကျင်ခြင်း

နောက်ကျောဖက်နှင့် ခြေထောက်နာကျင်မှုတို့သည် အသည်းတွင်အရည်အိတ်တည်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်ပြီး နေထိုင်မကောင်းခြင်း၊ ပျို့အန်ခြင်းဈ ကိုယ်အပူချိန်မြင့်မားခြင်းနှင့် မကြာခဏအပေါ့သွားခြင်းတို့ပါ ဆက်လက်ဖြစ်ပေါ်လာနိုင်ပါတယ်။

၈။ မျက်လုံးမို့အစ်ခြင်း

အသည်းအလုပ်လုပ်မှုပျက်စီးနှောင့်နှေးလာခြင်းရဲ့ အစောဆုံးသောလက္ခဏာမှာ မျက်လုံးများမို့အစ်ခြင်းပဲဖြစ်ပါတယ်။ အကြောင်းအရင်းမှာ အသည်းမှနေပြီး ခန္ဓာကိုယ်တစ်လျှောက်ဖြန့်ကြက်ပေးရမည့် လုံလောက်သောပရိုတင်းပမာဏမှာ ဆီးထဲသို့ရောက်ရှိသွားခြင်းကြောင့်ပဲဖြစ်ပါတယ်။