ဗီတာမင်ဓာတ်က ခန္ဓာကိုယ်အတွက် အရေးပါပြီး ဗီတာမင်ဓာတ်ချို့ယွင်းရင် အားနည်းတာတို့ အရေပြား ပြဿနာတွေနဲ့ ပြင်ပက ဘက်တီးရီးယား၊ ဗားရက်စ်တွေ အလွယ်တကူ ဝင်ရောက်နိုင်ပါတယ်။

မျက်နှာဖြူဖပ်ဖပ်ဖြစ်နေရင်

သင့်ရဲ့ အရေပြားက ဖြူဖပ်ဖပ်ဖြစ်နေရင် သင့်မှာ ဗီတာမင် B12 ချို့ယွင်းမှုတွေ ဖြစ်နေနိုင်ပါတယ်။ ဗီတာမင်ဓာတ်တွေ ချို့ယွင်းရင် အားနည်းတာတို့ ပင်ပန်းလွယ်တာတို့ ခံစားရနိုင်ပါတယ်။ ဒါကြောင့် ဗီတာမင်ဓာတ်ပြန်လည် ဖြည့်ဆည်းနိုင်ဖို့ အသားတွေ၊ ပင်လယ်စာတွေ များများ စားသုံးသင့်ပါတယ်။

ဆံပင်တွေ ခြောက်နေရင်

12206810-9170010-2-0-1488265047-1488265049-650-1-1488265049-650-6be36c5c1c-1488888136

အရင်ကထက် ပိုပြီး ဆံပင်တွေ ခြောက်နေရင်လည်း ဗီတာမင် B7 ချို့ယွင်းနေနိုင်ပါတယ်။ ပိုးသတ်ဆေးတွေ သောက်တာများရင်လည်း ဗီတာမင် B7 ချို့ယွင်းနိုင်ပါတယ်။ ဗီတာမင် B7 ကိုပြန်လည်ဖြည့်တင်းနိုင်ဖို့ အသား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ အသီးအနှံ၊ မှို တို့ကို များများ စားသုံးပေးပါ။

မျက်လုံးနားတစ်ဝိုက် ဖောင်းနေရင်

12206860-9172610-3-0-1488265535-1488265543-650-1-1488265543-650-f5c4fc84a7-1488888136

သင့်ခြေတွေလက်တွေမှာရော၊ မျက်လုံးနားတစ်ဝိုက်မှာရော ဖောင်းနေရင် သင့်ခန္ဓာကိုယ်က အိုင်အိုဒင်းဓာတ် ချို့တဲ့နေပါပြီ။ အိုင်အိုဒင်းဓာတ်က ပေါင်မုန့်၊ နို့ထွက်ပစ္စည်း၊ ပင်လယ်စာတွေဖြစ်တဲ့ ရေညှိ၊ ပုစွန် စတာတွေမှာ ပါဝင်နေပါတယ်။

နှုတ်ခမ်းသားတွေ ဖြူဖပ်ဖြူရော်ဖြစ်နေရင်

12206910-9274510-4-0-1488291760-1488291766-650-1-1488291766-650-ced1f44674-1488888136

သံဓာတ်ချို့တဲ့သူတွေက နှုတ်ခမ်းသားတွေ ဖြူစပ်ဖြူရော် ဖြစ်နေတတ်ပါတယ်။ ကျန်းမာရေးအတွက်ကကောင်းတဲ့ သံဓာတ်ပမာဏကို ပြန်လည်ရောက်ရှိဖို့ကလည်း မခက်ခဲပါဘူး။ အနီရောင်ရှိတဲ့ အသားတွေ များများစားပေးပါ။ မြန်မာတွေဆိုရင် လက်ဖက်နဲ့ ထမင်းရောစားတာမျိုး ခဏလောက် ရှောင်ကြဉ်ထားပါ။ ထမင်းထဲမှာပါဝင်တဲ့ သံဓာတ်ကို လက်ဖက်က ခန္ဓာကိုယ်က မစုပ်ယူနိုင်အောင် လုပ်ဆောင်နိုင်တာကြောင့် သံဓာတ်အားနည်းချိန်မှာ လက်ဖက်ကို ထမင်း နဲ့ရောမစားသင့်ပါဘူး။

သွားကြားမှာ သွေးယိုခြင်း

12206960-9278460-5-1-0-1488293658-1488293663-650-1-1488293663-650-1718b0013a-1488888136

သွားကြားတွေမှာ သွေးယိုတာဟာ ဗီတာမင် စီဓာတ် မလုံလောက်မှုကြောင့် ဖြစ်ပါတယ်။ ဗီတာမင်စီဓာတ်မလုံလောက်ရင် ကိုယ်ခံအားနည်းကာ ကြွက်သားတွေ နာကျင်ပြီး သွားနဲ့ပတ်သက်တဲ့ ပြဿနာတွေဖြစ်နေနိုင်ပါတယ်။ ဗီတာမင်စီကို အချဉ်ဓာတ်ပါတဲ့အသီးတွေဖြစ်တဲ့ သံပုရာသီး၊သံပုယိုသီးစတဲ့ အသီးတွေမှာ အများဆုံးပါဝင်နေပါတယ်။