အဆုတ်ကင်ဆာက ကင်ဆာရောဂါတွေထဲမှာဆိုရင် အမျိုးသားရော၊ အမျိုးသမီးရော အဖြစ်များတဲ့ ရောဂါဖြစ်နေပါပြီ။

အဆုတ်ကင်ဆာက အစောပိုင်းမှာ ကုသရင်တော့ ပိုပြီး ထိရောက်မှု ရှိတာကြောင့် အဆုတ်ကင်ဆာရဲ့ အစောပိုင်း လက္ခဏာတွေကို ဝေမျှလိုက်ပါတယ်။

ချောင်းဆိုးသွေးပါခြင်း

01-lung-cancer-signs-coughing-blood-1

ချောင်းဆိုးတဲ့အချိန်မှာ သွေးပါတာက ကောင်းတဲ့ လက္ခဏာမဟုတ်ပါဘူး။ ဒါကြောင့် သွေးပါရင် ဆရာဝန်ဆီ ချက်ခြင်းသွားပြသင့်ပါတယ်။ ချောင်းဆိုးသွေးပါတိုင်းလည်း ကင်ဆာ လက္ခဏာမဟုတ်ပေမယ့် တခြား ပြင်းထန်တဲ့ရောဂါမျိုးတွေလည်း ရှိနိုင်တာကြောင့် ဆေးခန်းသွားပြသင့်ပါတယ်။

ရင်ဘတ်အောင့်ခြင်း

02-lung-cancer-signs-chest-pain

ရင်ဘတ်၊ နောက်ကျော နဲ့ ပခုံးတွေ အောင့်နေပြီး မပျောက်သွားရင် သတိထားသင့်ပါတယ်။ ချောင်းဆိုး၊ ရယ်မော၊ အသက်ပြင်းပြင်းရှူလိုက်ရင် ပိုပြီး အောင့်လာတတ်ပါတယ်။

“နာနေတဲ့နေရာက အကျိတ်ရှိနေတတ်တယ်”လို့ နယူးယောက်မြို့မှာရှိတဲ့ Icahn School of Medicine တက္ကသိုလ်မှ ခွဲစိတ်ဆရာဝန်နဲ့ ပါမောက္ခ ဒေါက်တာ Flores က ပြောပါတယ်။

ဒါကြောင့် နာကျင်မှုကို ခံစားရရင် တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ ပြသဖို့လိုပါတယ်။

နာတာရှည် ချောင်းဆိုးခြင်း

03-lung-cancer-signs-persistent-cough

ချောင်းဆိုးတာက ရာသီဥတုကြောင့် အလက်ဂျစ်ကြောင့်၊ ရေသီးတာကြောင့် ဖြစ်တတ်ပေမယ့် အမြဲလိုလို ချောင်းဆိုးနေရင် အဆုတ်ကင်ဆာလည်း ဖြစ်နိုင်ပါတယ်။ ချောင်းဆိုးတယ်ဆိုတာ ခန္ဓာကိုယ်ထဲမှာ တစ်ခုခုဝင်ရောက်နေတာကြောင့် ခန္ဓာကိုယ်က ဖယ်ရှားဖို့ ကြိုးစားနေတာပါ။

အသက်ရှူ ခက်ခဲခြင်း

04-lung-cancer-signs-shortness-of-breath

အသက်ရှူမဝခြင်း၊ အသက်ရှူခက်ခဲခြင်းက အကျိတ်က လေပြွှန်တွေ သွားရောက်ပိတ်ဆို့နေတတ်ပါတယ်။ ကင်ဆာက အဆုတ်မှာ စတင်ဖြစ်နေရင် ရင်ဘတ်ထဲမှာ အရည်တွေဖြစ်စေပြီး ရင်ဘတ်ထဲမှာ အရည် ၃ လီတာ၊ ၄ လီတာလောက်ကို ထိန်းသိမ်းထားနိုင်ပေမယ့် လုံးဝပြည့်သွားရင် အဆုတ်က လေလုံလုံလောက်လောက်မရရှိတော့ပါဘူး။ ဒါ့ကြောင့် အသက်ရှူမဝ၊ အသက်ရှူရ ခက်ခဲတာတို့ ဖြစ်စေပါတယ်။

ပင်ပန်းနွမ်းနယ်

05-lung-cancer-signs-fatigued

ခါတိုင်းလုပ်နေကျပုံစံအတိုင်းလုပ်နေတာတောင် ပင်ပန်းနေတယ်ဆိုရင် သတိထားသင့်ပါတယ်။ ကိုယ်အလေးချိန် ကျသွားတာ၊ ထမင်းမစားချင်တာတွေကလည်း အဆုတ်ကင်ဆာရဲ့ လက္ခဏာတွေပါ။ ဆေးလိပ်သောက်သုံးတာ၊ ကင်ဆာ မျိုးရိုးရှိတာတွေကလည်း အဆုတ်ကင်ဆာဖြစ်ပွားနိုင်ချေကိုမြင့်တက်စေပါတယ်။

ပန်းနာရင်ကြပ်

06-lung-cancer-signs-asthma

ငယ်စဉ်က ပန်းနာရင်ကြပ်ဖြစ်ပွားဖူးတဲ့ ကလေးတွေအနေနဲ့ အဆုတ်ကင်ဆာကို အမြဲလိုလို သတိထား စစ်ဆေးသင့်ပါတယ်။ အသက်ကြီးမှ ပန်းနာရင်ကြပ်ဖြစ်တဲ့သူတွေကလည်း အဆုတ်မှာ အကျိတ်ရှိမရှိကို စစ်ဆေးသင့်ပါတယ်။

တစ်ကိုယ်လုံး နာကျင်

07-lung-cancer-signs-body-pain

အဆုတ်ကင်ဆာက အများအားဖြင့် အစောပိုင်းမှာ သိသာထင်ရှားတဲ့ လက္ခဏာ ပြလေ့မရှိပါဘူး။ ခေါင်းကိုက်၊ ခေါင်းမူး၊ ခြေလက်တွေ ထုံကျင်နေရင် ကင်ဆာဆဲလ်တွေက ဦးနှောက်နဲ့ ခါးရိုးကို ပွားနေတတ်ပါတယ်။ အရေပြားနဲ့မျက်လုံးတွေ ဝါနေရင် အဆုတ်ကို ပွားသွားတတ်ပါတယ်။