ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့အရာတွေထဲမှာ ပရိုတင်းဓာတ်ကလည်း တစ်ခုအပါအဝင်ပါပဲ။ ပရိုတင်းဓာက်ဟာ ခန္ဓာကိုယ်ကြွက်သားများ၊ အရိုးနဲ့ အသားအရေတို့အတွက် အဓိကလိုအပ်တဲ့ဓာတ်တစ်မျိုးပါ။အကယ်၍ လူတစ်ယောက်ဟာ သူရဲ့ခန္ဓာကိုယ်အတွက် လုံလောက်တဲ့ပရိုတင်းဓာက်ကို မရဘူးဆိုရင်တော့ အခုပြောပြမယ့် ကျန်းမာရေးနဲ့ပတ်သတ်တဲ့ ပြဿနာတွေကြုံလာနိုင်ပါတယ်။

(၁) ကိုယ်ခံအားနည်းလာမယ်

Source : istockphoto.com

ပရိုတင်းဓာက်ဟာ အရိုးနဲ့ကြွက်သားအားကောင်းစေဖို့ကူညီထောက်ပံ့ပေးသလို ကိုယ်ခံအားစနစ်ကောင်းမွန်စေပါတယ်။ ဒါပေမယ့် ပရိုတင်းဓာတ်ကို နေ့စဉ်ပုံမှန်စားသုံးပေးရမယ့်ပမာဏထက်လျော့နည်းနေမိမယ်ဆိုရင်တော့ ကိုယ်ခံအားစနစ်ကိုအားလျော့စေမှာဖြစ်ပါတယ်။ကိုယ်ခံအားနည်းလာပြီဆိုရင် ရောဂါများအလွယ်တကူဝင်ရောက်နိုင်သလို မူးဝေတာ အားမရှိသလိုခံစားရတာမျိုးတွေကြုံတွေ့လာနိုင်ပါတယ်။

(၂) အသားအရေနဲ့အလှအပဆိုင်ရာထိခိုက်မှုရှိလာမယ်

Source : Segs

ပရိုတင်းဓာတ်စားသုံးမှုနည်းခြင်းကြောင့် အသားအရေ ဆံပင် နဲ့ လက်သည်းခြေသည်း စတဲ့အလှအပဆိုင်ရာကိစ္စတွေမှာလည်း ထိခိုက်မှုတွေရှိလာစေပါတယ်။ခန္ဓာကိုယ်က ပရိုတင်းလုံလောက်စွာမရရှိဘူးဆိုရင် အသားအရေမွဲခြောက်တာ ဆံပင်နှစ်ခွဖြစ်တာ ဆံပင်တွေပါးလာတာ နောက်ဆုံးဆံပင်တွေ ကျွတ်တဲ့အထိ ဖြစ်စေပါတယ်။ဒါ့အပြင် လက်သည်းခြေသည်းတွေဟာလည်း ကြွပ်ဆပ်ပြီး အထိခိုက်မခံဘဲ ကျိုးလွယ်ပဲ့လွယ်ဖြစ်လာပါလိမ့်မယ်။

(၃) ကြွက်သားထုထည်ဆုံးရှုံးလာမယ်

Source : US News Health

ကိုယ်တွင်း ကြွက်သားတွေဟာ ခန္ဓာကိုယ်တခုလုံးမှာ ပရိုတင်းဓာက်လက်ခံရရှိမှုအများဆုံးဖြစ်ပါတယ်။ ဒါကြောင့် gym ဆော့တဲ့လူတွေ တော်တေ်ာများများက ကြွက်သားကြီးထွားလာစေဖို့အတွက် ပရိုတင်းများများစားပေးကြတာပါ။ပရိုတင်းစားသုံးမှုလျှော့နည်းလာတဲ့အခါမှာ ခန္ဓာကိုယ်က ကိုယ်တွင်းအဓိကကျတဲ့ တစ်ရှုးတွေ ကောင်းစွာအလုပ်လုပ်စေဖို့အတွက် အရိုးကြွက်သားတွေဆီကနေ ပရိုတင်းဓာက်တွေကို ယူသုံးလေ့ရှိပါတယ်။ထိုအခါကြွက်သားထုတည်ဆုံးရှုံးတာတွေ ကြွက်သားနာကျင်ကိုက်ခဲတာတွေဖြစ်လာမှာဖြစ်ပါတယ်။

(၄) ကိုယ်အလေးချိန် ကျဆင်းလာမယ်

Source : elpais.com

ကိုယ်ခန္ဓာမှာ အရိုးကပရိုတင်းဓာတ်တွေကိုအများကြီးသိုလှောင်ထားတာဖြစ်သလို ကြွက်သားတွေကလည်း ပရိုတင်းဓာတ်ကိုသိုလှောင်ထားတဲ့နေရာတစ်ခုအဖြစ်ရှိနေပါတယ်။အကယ်၍သာ ပရိုတင်းဓာတ်ကိုလုံလုံလောက်လောက်မစားသုံးပေးဘူးဆိုရင် ခန္ဓာကိုယ်အတွင်းကလီစာတွေ တစ်ရှုးတွေအတွက်လိုအပ်တဲ့ပရိုတင်းဓာတ်ကို အရိုးတွေ ကြွက်သားတွေဆီကနေ ခွဲယူသုံးရတဲ့အတွက် ကြာလာတဲ့အခါ အသားတွေလျော့ရဲလာတာမျိုး ကြွက်သားအားနည်းလာတာမျိုးတွေဖြစ်ပြီး ကိုယ်အလေးချိန်ကျဆင်းမှု ပြဿနာတွေဖြစ်လာနိုင်ပါတယ်။