ဗီတာမင်လိုအပ်မှုအတွက် ပြုပြင်ရန် နည်းလမ်းပေါင်းမျိုးစုံရှိပေမယ့်လည်း နိုင်ငံတကာမှ လူများဟာ ဗီတာမင်ချို့တဲ့မှုကို ခံစားနေရဆဲပါပဲ။ ဒါပေမယ့်လည်း ဗီတာမင်တွေရဲ့သက်ရောက်မှုတွေကို သေချာမသိဘဲနဲ့ အများကြီးသောက်သုံးဖို့တော့မသင့်တော်ပါဘူး။

ဒါကြောင့် ယခုတစ်ခါဖော်ပြပေးချင်တာကတော့ ခန္ဓာကိုယ်ကလိုအပ်နေတဲ့ ဗီတာမင်တွေကို ကျန်းမာရေးတစုံတရာထိခိုက်မှုမရှိဘဲ ပြန်လည်ဖြည့်ဆည်းနိုင်မယ် နည်းလမ်းကောင်းလေးတွေပါပဲ။

၁။ ဆံပင်ကျွတ်ခြင်း

အကြောင်းအရင်း

ကြက်ဥအစိမ်းအများကြီးစားခြင်းမှ B7 (biotin) ချို့တဲ့ရခြင်းပါ။

ဘယ်လိုလုပ်ရမလဲ

အယ်လ်မွန်စေ့(ဗာဒံစေ့) များ၊ အာလူးတွေနဲ့ ငှက်ပျောသီးတို့ကိုစားပေးပါ။

၂။ ကြွက်တက်ခြင်း

အကြောင်းအရင်း

မကြာခဏ ကြွက်တက်တတ်ခြငးက ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်တို့ ချို့တဲ့တာကို ဖော်ပြနေတာပါ။ အားကစားတွေအများကြီးလုပ်ပြီးနောက် ချွေးထွက်တဲ့အခါ ခန္ဓာကိုယ်အတွင်းမှာ သတ္တုဓာတ်တွေ စွန့်ခွာသွားပါတယ်။

ဘာလုပ်ရမလဲ

အယ်လ်မွန်စေ့ (ဗာဒံစေ့)များ၊ ဟေဇယ်စေ့တို့လို အခွံမာသီးများ၊ ဖရုံသီး၊ ငှက်ပျောသီး၊ ပန်းသီးတို့ကို များများစားပါ။

၃။ ခြေလက်များထုံကျင်လာခြင်း

အကြောင်းအရင်း

ဗီတာမင် B6, B12, and B9 (folic acid) တို့ ကြွယ်ဝတဲ့ အစားအစာများ မစားသုံးခြင်းကြောင့် ဆဲလ်တွေစီ အောက်စီဂျင်ပေးပို့ဖို့ မလုံမလောက်ဖြစ်သွားပါတယ်။

ဘာလုပ်ရမလဲ

ပဲများ၊ အချဉ်ဓာတ်ရှိအသီးအနှံများ၊ ပင်လယ်စာနှင့် ဘဲဥ၊ ကြက်ဥတို့ကို များများစားပါ။

၄။ တင်ပါးနှင့်လက်များတွင် အဖုအပိမ့်များထွက်လာခြင်း

အကြောင်းအရင်း

ဝက်ခြံနဲ့ဆင်တူသည့် အဖုအပိမ့်တွေ ပေါ်ပေါက်လာရခြင်းမှာ ဗီတာမင် အေ၊ ဒီ နှင့် ဖက်တီးအက်စစ်တို့ ချိုု့တဲ့မှုကြောင့်ပါ။

ဘာလုပ်ရမလဲ

ကျန်းမာရေးအတွက်မကောင်းသည့် အဆီများကိုရှောင်ရှားပြီး ဆယ်လ်မွန်၊ အခွံမာသီးတို့ကို စားသုံးပေးပါ။ ဗီတာမင်အေပါဝင်တဲ့ မုန်လာဥနီ သို့မဟုတ် ငရုတ်ပွတို့ကိုလည်း စားသုံးဖို့မမေ့ပါနဲ့။

၅။ မျက်လုံးအတွင်းသား အဝါရောင်ပြောင်းလာခြင်း

ဗီတာမင် B12 ချိုု့တဲ့မှုကြောင့်ဖြစ်လာရတဲ့ ဤပြဿနာကိုဖြေရှင်းဖို့အတွက် နွားအသည်း၊ ကြက်သည်း၊ နို့၊ ဆယ်လ်မွန်၊ တူနာနှင့် သိုးသားတို့ကို စားသုံးပေးပါ။