ကျွန်ုပ်တို့၏ကိုယ်ခန္ဓာက မယုံနိုင်လောက်အောင် ရှုပ်ထွေးတဲ့စက်ဖြစ်ပြီး ပြင်ပပြောင်းလဲမှုများကိုသာမက အတွင်းတုံ့ပြန်မှုများကိုပါ
တုံ့ပြန်ပေးနိုင်ပါတယ်။ စိတ်ကျရောဂါအထူးကု ဆရာ၀န်ဒေါက်တာဆူစန်ဘေဘယ်လ်က ကျွန်ုပ်တို့ရဲ့ကိုယ်ခန္ဓာအချက်ပြခြင်းနှင့် ပတ်သက်ပြီး
စိတ်ဝင်စားစရာသီအိုရီတစ်ခုအကြံပြုခဲ့ပါတယ်။

Bright Sideဆောင်းပါးကနေရရှိတဲ့ Babel သီအိုရီကိုဖော်ပြချက်များအရ စိတ်ခံစားမှုဆိုင်ရာပြဿနာများကို ဘယ်လိုကိုင်တွယ်ဖြေရှင်းရမလဲဆိုတဲ့ ရိုးရှင်းသောအကြံပြုချက်များကိုမျှဝေပေးလိုက်ပါတယ်။

၁။ဦးခေါင်း

ခေါင်းကိုက်ခြင်း၏အဓိကအကြောင်းရင်းကစိတ်ဖိစီးမှုအလွန်အကျွံဖြစ်တဲ့အတွက်ကြောင့်ပဲဖြစ်တယ်။အဲဒီစိုးရိမ်ပူပန်ခြင်းဆိုတဲ့စိတ်ဖိစီးမှုကလည်း
ဆုံးရှုံးသွားရမယ့်တဲ့အရာများကြောင့် ဒါမှမဟုတ် အဆက်မပြတ်ဖိအား၊တွန်းအားမှုတွေကြောင့်သာ ဖြစ်ပါတယ်။ အဲဒါကြောင့် နေ့တိုင်း သင့်အတွက် အချိန်တစ်ခုကိုဖယ်ထားပါ။ ကိုယ့်ကိုကိုယ်အနားယူပါ၊ အချိန်အကြာကြီးစိတ်ပူပန်မနေပါနဲ့။အေးချမ်းပြီး တိတ်ဆိတ်နေတဲ့နေရာမှာ အနားယူတဲ့ အချိန်ကသာ သင်ရဲ့စွမ်းအားကိုမြှင့်တင်ပေးတဲ့အပြင် သင့်ရဲ့ခေါင်းကိုက်ခြင်းကိုလည်း သက်သာစေပါလိမ့်မယ်။

၂။လည်ပင်း

လည်ပင်းနာခြင်းက တယောက်ယောက်အပေါ်မကျေနပ်မှုနှင့်ကိုယ့်ကိုယ်ကို ကျေနပ်အားရမှုမရှိတဲ့အချိန်မျိုးတွေဆို ဖြစ်တတ်ပါတယ်။ တစုံတယောက် ဒါမှမဟုတ် မိမိကိုယ်ကိုခွင့်မလွှတ်နိုင်တဲ့အချိန်မျိုးမှာလည်း လည်ပင်းနာခြင်းကို ခံစားရတတ်ပါတယ်။ အဲလိုအချိန်မျိုးတွေဆို ကိုယ့်ကိုယ်ကို မကျေနပ်မှုတွေရှိတဲ့အရာတွေနဲ့ သူများတွေအပေါ်ထားတဲ့ သင့်သဘောထားကိုပြောင်းလဲလိုက်ပါ။ သင့်ကိုဘယ်သူမှ အမြဲနာကျင်ထိခိုက်နေအောင် မလုပ်ဘူးဆိုတာ သိထားရပါမယ်။ကိုယ့်ကိုယ်ကို မဖြစ်မနေ အဲလိုဖြစ်ရမယ်ဆိုတဲ့ မျှော်လင့်ချက်ကြီးတွေနဲ့ မတင်းကြပ်လိုက်ပါနဲ့။ လွယ်လွယ်ကူကူခွင့်လွှတ်တတ်အောင်သင်ယူပါ။ သင့်ကိုပျော်ရွှင်စေမယ့်အကြောင်းတွေ ၊ သင်နှစ်သက်တဲ့အရာတွေကို ပိုပြီးတွေးပေးဖို့လည်း အရေးကြီးပါတယ်။

၃။ပခုံး

ပခုံးနာကျင်ခြင်းကစိတ်ပိုင်းဆိုင်ရာဝန်ထုပ်ဝန်ပိုးများနဲ့အစဉ်ဆက်မပြတ်ဖိအားများကြောင့်ဖြစ်တယ်။ ဒီတစ်ခါလည်း တစ်ယောက်ယောက်က သင့်ကိုတကယ်ဖိအားပေးနေတာလား။ဒါမှမဟုတ် သင်ဟာအရေးကြီးတဲ့ဆုံးဖြတ်ချက်တစ်ခုကိုမချနိုင်လို့ ၀န်ထုပ်ဝန်ပိုးကြီးတွေကို ထမ်းနေရသလို ဖြစ်နေတာလား။ အဲ့လိုအခြေအနေမျိုးသင်ရောက်နေတယ်ဆိုရင်ရင်းနှီးသောမိတ်ဆွေတစ်ဦး ကို သင်ထမ်းထားရတဲ့ဝန်ထုပ်ဝန်ပိုး ကိုမျှဝေဖို့ကြိုးစားပါ။ သင့်ရဲ့စိုးရိမ်ပူပန်မှုတွေကိုပြောရုံနဲ့တော့ သင့် အခက်အခဲတွေကိုဖြေရှင်းနိုင်မှာမဟုတ်ပေမယ့် အနည်းဆုံး စိတ်သက်သာရာရစေပါတယ်။ နောက်ပြီးသင်ရဲ့ပြဿနာအတွက်ဖြေရှင်းနည်းတစ်ခုခုကိုလည်း သူနဲ့ မျှဝေရင်း ရှာဖွေတွေ့ရှိနိုင်ပါတယ်။

Source: Brightside