အထူးသဖြင့် အခုလိုမိုးရာသီမှာဆိုရင် တုပ်ကွေးတွေ၊ ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေ ပိုပြန့်ပြီး ခဏခဏ နေမကောင်းဖြစ်ကြပါတယ်။ ကိုယ့်ရဲ့ ကိုယ်ခံအားသာ ကောင်းနေရင် ဒီလိုတုပ်ကွေးတွေရောဂါပိုးတွေ ကြောက်စရာမလိုပဲ ကာကွယ်ပြီးသားလည်းဖြစ်စေပါတယ်။

ဒါ့ကြောင့် ကိုယ်ခံအားကောင်းစေဖို့အတွက် စားပေးသင့်တဲ့ အစားအစာများကို ဝေမျှပေးလိုက်ပါတယ်။

ပျားရည်

ပျားရည်မှာ Antioxidants ဓာတ်တွေနဲ့ ဘက်တီးရီးယားတွေကို သေစေနိုင်တဲ့ ဓာတ်တွေ ပါဝင်နေပါတယ်။ အဲ့ဒါကြောင့် ချောင်းဆိုးတာ၊ ရောဂါပိုးမွှားဝင်တာနဲ့ လည်ပင်းနာ၊ အာသီးရောင်တာတွေကိုလည်း ကုသပေးနိုင်သလို၊ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်ပါတယ်။

ဒါ့ကြောင့် မနက်မိုးလင်းရင် သံပုရာသီး တစ်လုံးရဲ့ တစ်ဝက်ကို ရေနွေးနွေးတစ်ခွက်ထဲကို ညှစ်ထည့်ပြီး ပျားရည်စားပွဲတင်ဇွန်း ၁ ဇွန်းအပြည့်ထည့်ကာ သောက်ပေးရင် ကိုယ်ခံအားကို ကောင်းစေပါတယ်။

ဒိန်ချဉ်

ဒိန်ချဉ်မှာ ဗီတာမင် D ပါဝင်တာကြေင့် ကိုယ်ခံအားစနစ်ကိုမြှင့်တင်ပေးပါတယ်။ ဒိန်ချဉ်ကို သကြားနဲ့ စားတာထက် ဒီအတိုင်းစားတာက အာနိသင်ပိုရှိပါတယ်။ ညစာ ထမင်းစားပြီးတိုင်း စားလို့ရပါတယ်။

ကြက်သွန်နီ

ကြက်သွန်နီမှာ Selenium ဓာတ်၊ Sulfur ကွန်ပေါင်း၊ ဇန့် နဲ့ ဗီတာမင်စီဓာတ်တို့ ပါဝင်ပါတယ်။ ဒီဓာတ်တွေက ကိုယ်ခံအားကိုမြှင့်တင်ပေးပါတယ်။

အဲ့ဒီအပြင် ကြွက်သားတွေ နာကျင်တာကို သက်သာစေပြီး၊ သွေးအတွင်း သကြားဓာတ်ကို လျော့ချပေးပါတယ်။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူမှာလည်း Antioxidants ဓာတ်တွေ၊ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးတာကြောင့် ကိုယ်ခံအားစနစ်ကို အားကောင်းစေပါတယ်။

ရေ

ရေကလည်း ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်ပါတယ်။ ရေကို လုံလောက်စွာသောက်သုံးပေးရင် အဆိပ်အတောက်တွေကို ခန္ဓာကိုယ်ထဲကနေ ဖယ်ရှားပေးပြီး ဆဲလ်တွေကို အောက်စီဂျင်လုံလောက်စွာရအောင် ကူညီပေးပါတယ်။