ကျန်းမာရေးအတွက် များစွာအထောက်အကူပြုတဲ့ သံပုယိုသီးကို နည်းလမ်းအမျိုးမျိုးနဲ့ အသုံးပြုကြပါတယ်။ သံပုယိုသီးကို သံလွင်ဆီနဲ့ ရောပြီးသောက်တဲ့အခါမှာတော့ ကျန်းမာရေးကို ဘယ်လိုအထောက်အကူပြုသလဲဆိုတာ မျှဝေပေးသွားပါမယ်။ သိပ်လည်းအပန်းမကြီးတဲ့အပြင် လုပ်ရတာလည်း လွယ်ကူပါတယ်။
ပါဝင်ပစ္စည်း
သံလွင်ဆီ ၁ ဇွန်း
သံပုယိုသီး ၁ လုံး
သံလွင်ဆီ ၁ ဇွန်းထဲကို သံပုယိုသီး ညှစ်ထည့်ပြီး မနက်တိုင်းမှာသောက်ပေးပါ။
ဘေးထွက်ဆိုးကျိုးမရှိဘဲ ကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။
ဝမ်းချုပ်ခြင်း
အခုလို သံပုယိုသီးကို သံလွင်ဆီနဲ့သောက်ပေးတာဟာ အစာချေစနစ်ကိုကောင်းမွန်စေပြီး ဝမ်းချုပ်ခြင်းကို ကုသပေးနိုင်ပါတယ်။
အဆစ်အမြစ် ရောင်ရမ်းခြင်း
ပါဝင်ပစ္စည်း ၂ မျိုးလုံးမှာ ရောင်ရမ်းမှုကို သက်သာစေတဲ့ ဂုဏ်သတ္တိတွေပါဝင်လို့ အဆစ်အမြစ် ရောင်ရမ်းနာကျင်တာတတွေကို သက်သောစေပါတယ်။
အသည်း
အသည်းရဲ့လုပ်ဆောင်မှုကို ကောင်းမွန်စေပြီး အဆိပ်အတောက်တွေကို ချေဖျက်ပေးနိုင်ပါတယ်။
သွေးလည်ပတ်မှု
သံလွင်ဆီမှာ Omega 3 Fatty Acid ပါဝင်လို့ သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး သွေးတွင်း ကိုလက်စထရောပါဝင်မှုကို လျှော့ချပေးပါတယ်။
အသားအရေ
သံပုယိုသီးနဲ့ သံလွင်ဆီကို ရောပြီးလိမ်းပေးရင်လည်း ဝက်ခြံ အဆီပြန်တာတွေကို သက်သာစေပါတယ်။