လမ်းလျှောက်တာများလို့ပဲဖြစ်ဖြစ် အလုပ်ကြမ်းလုပ်တာကြောင့်ပဲဖြစ်ဖြစ် လက်နဲ့ ခြေထောက်တွေမှာ အသမာတက်နေသူတွေရှိပါတယ်။ ဒါ့ကြောင့်လည်း အရေပြားလေးတွေ ပြန်ပြီး နုပျိုကာ နဂိုအတိုင်းလေးဖြစ်ဖို့ သဘာဝနည်းလမ်းကောင်းတစ်ခုကို မျှဝေချင်ပါတယ်။

ပေါင်မုန့်နဲ့ရှလကာရည်

ကြားရတာ ထူးဆန်းသလိုတော့ ဖြစ်နေပါလိမ့်မယ်။ ဒါပေမဲ့ ပေါင်မုန့်ကို ရှလကာရည်နဲ့ စိမ်လိုက်ပါ။ ခြေဖဝါးပေါ်မကပ်ခင်မှာ ရေနွေးနဲ့ ခြေထောက်ကို ရေစိမ်လိုက်ပါ။ ပြီးရင် အသာမာတက်နေတဲ့ ခြေဖဝါးနဲ့ လက်ပေါ်မှာ ကပ်ပေးပါ။

အဲဒီနောက် ပလတ်စတစ် (သို့) ပတ်တီး နဲ့ ပတ်ထားပါ။ ဆဲလ်သေတွေကို ဖယ်ရှားပေးမှာဖြစ်ပါတယ်။ တစ်ညလုံးထားပြီး မနက်ဖက်မှာ ဖြည်ချလိုက်ပါ။ အသာမာဖြစ်တာလျှော့သွားမှာဖြစ်ပါတယ်။ ပုံမှန်လုပ်ပေးရင်တော့ အသားအရေ နဂိုအတိုင်း ပြန်ရလာမှာပါ။

နောက်တစ်နည်းကတော့ သံပုရာရည် (သို့) သံပုယိုသီးကို အရည်ညစ်ပြီး ပွတ်တိုက်ပေးပါ။

ပြီးရင် ရေမဆေးဘဲ တစ်ညလုံး ခြေအိတ်စွတ်ပြီးအိပ်ပါ။ ပုံမှန်လုပ်ပေးပြီး ရက်အနည်းငယ်လောက်ဆိုရင် သက်သာသွားပါလိမ့်မယ်။