သွားနဲ့ခံတွင်းကျန်းမာရေးက သိပ်ကိုအရေးကြီးပါတယ်။ စကားပြောဆိုဆက်သွယ်ရမှာ ခံတွင်းနံ့မဆိုးဖို့လိုသလို အပြုံးချင်းဖလှယ်ရာမှာ ယုံကြည်မှုရှိဖို့လိုပါတယ်။
ဒီအတွက် ဘယ်လိုသွားတိုက်ဆေးတွေ ဝယ်ယူအသုံးပြုရမလဲလို့ တွေးနေပြီလား။ အဲဒီလို ကုန်ပစ္စည်းတွေဝယ်စရာမလိုဘဲ သဘာဝပစ္စည်းလေးတွေနဲ့ သွားတိုက်ဆေးပြုလုပ်နိုင်ပါတယ်။
ပါဝင်ပစ္စည်း
အုန်းဆီသန့် စားပဲတင်ဇွန်း ၂ ဇွန်း
မုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်း ၃ ဇွန်း
ပြုလုပ်နည်း
ပါဝင်ပစ္စည်းနှစ်မျိုးလုံးကို သေချာရောမွှေလိုက်ပါ။ ပြီးရင်သွားတိုက်တံပေါ်တင်ပြီး သွားတိုက်ပေးပါ။
အဲဒီလိုတိုက်ရာမှာ လျှာကိုလည်း တိုက်ဖို့မမေ့ပါနဲ့။
မုန့်ဖုတ်ဆိုဒါကြောင့် သွားတွေကို ဖြူဖွေးစေမှာဖြစ်ပြီး သွားချိုး (ဂျိုး) တွေကို ပျောက်ကင်းစေပါတယ်။
အုန်းဆီမှာပါတဲ့ Antimicrobial အစွမ်းကြောင့် လျှာပေါ်မှာရှိတဲ့ ဘက်တီးရီးယားတွေကို သေစေမှာပါ။ ဒါ့ကြောင့် အာပုပ်ဆော်နံံ့တာကို ပျောက်ကင်းစေပါတယ်။