ခံတွင်းကျန်းမာရေးဟာ ကျွန်မတို့ လူသားတွေအတွက် သိပ်ကိုအရေးကြီးပါတယ်။ လူလူချင်းပြောဆိုဆက်သွယ်ရာမှာ ခံတွင်းနံ့ရှင်းပြီး လှပတဲ့ အပြုံးလေးတွေဖလှယ်ဖို့လိုပါတယ်။

ဈေးကြီးပေးစရာမလိုဘဲ အကျိုးကျေးဇူးများတဲ့အပြင် ဘေးထွက်ဆိုးကျိုးလည်းမရှိတဲ့ အုန်းဆီကို အသုံးပြုဖို့ အကြံပြုပါရစေ။

အုန်းဆီရဲ့ အကျိုးကျေးဇူးများ

MTIwOTM3NjIwOTM4MjE3MzYy

သွားတွေကို ဖြူဖွေစေပါတယ်။

ခံတွင်းနံ့ကင်းစင်စေပါတယ်။

သွားဖုံးရောဂါနဲ့ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်ပါတယ်။

သွားအခေါင်းပေါက်ဖြစ်တာကို ကာကွယ်ပေးပါတယ်။

ပြုလုပ်နည်း

coconuttoothpaste

အိပ်ယာနိုးတဲ့အခါမှာ အော်ဂဲလ်နစ်အုန်းဆီ အခဲ လက်ဖက်ရည်ဇွန်း ၂ ဇွန်းလောက်ကို ပါးစပ်ထဲထည့်ပြီး ငုံထားပေးပါ။ ပြီးရင် အရည်ပျောသွားဖို့ ပါးစပ်ထဲမှာ မိနစ် ၂၀ လောက်ငုံထားပြီး ပလုတ်ကျင်းပေးပါ။

ထမင်းမစားခင်တိုင်း အခုလိုလုပ်ပေးရင် သွားဖုံးရောဂါနဲ့ တခြားခံတွင်းဆိုင်ရာရောဂါတွေကို ပျောက်ကင်းစေပါတယ်။

အုန်းဆီကို ပလုတ်ကျင်းပြီးရင် ရေနွေးနဲ့ ထပ်ပြီးပလုတ်ကျင်းပါ။ ပြီးရင်သွားတိုက်ပါ။

New-Study-Reveals-Coconut-Oil-Is-Far-Better-Than-Your-Toothpaste

သွားကိုပဲဖြူဖွေးချင်ရင်တော့ အုန်းဆီနဲ့ သွားတိုက်ပေးနိုင်ပါတယ်။

Photo Credit: justafarmdental.com

Reference: https://www.womendailymagazine.com/say-goodbye-bad-breath-tartar-plaque-kill-harmful-bacteria-mouth-ingredient/